ကြမ်းတမ်းစေလိမ့်မည်ဟု သုံးသပ်သွားခဲ့သည်။ ဂျူဗင်တပ်မှာ ခံစစ်ကျစ်လျစ်သည့်အပြင် ပီယာလို ပါဝင်နေသော ကွင်းလယ်ပိုင်းမှာလည်း တိုက်စစ်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခြင်းကြောင့် မိမိတို့အနေဖြင့် ပွဲစဉ်နှစ်ကျော့စလုံး ကံကောင်းရန်လိုကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
"ဂျူဗင်တပ်နဲ့မဲခွဲမှုက ပျော်စရာကောင်းတဲ့ စမ်းသပ်မှုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ မဲခွဲမှုမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်သင်းစလုံးအတွက် နောက်တစ်ဆင့်တက်ခွင့် ဆတူရှိနေပါတယ်။ သူတို့ဟာ ခံစစ်ကောင်းသလို ကွင်းလယ်မှာ ပီယာလို ရှိနေလို့ တိုက်စစ်၊ ခံစစ်ကို လိုသလို ထိန်းညှိနိုင်ပါတယ်"ဟု ဘိုင်ယန်ဂန္ထ၀င်ကစားသမားများက သုံးသပ်ခဲ့ကြသည်။
သို့သော် ဂျူဗင်တပ်နည်းပြ ကွန်တီက ယခု တွေ့ဆုံမှုတွင် နောက်တစ်ဆင့်တက်ရောက်ရန် ဘိုင်ယန်က ပိုမိုရေပန်းစားကြောင်း၊ မိမိတို့မှာ အောက်အသင်းအဖြစ်သာ ရှိနေကြောင်း မဲခွဲမှုအပြီးတွင် ဖွင့်ဟခဲ့သည်။
ရိုးရာလေး
No comments:
Post a Comment