လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 18, 2013

နယ်စပ် ဖြတ်ကျော်ကာ ထိုင်းသို့ ခိုးဝင်မှုများ ရှိနေဆဲ


မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူ ဇရပ် -ဘုရားသုံးဆူ လမ်းမှ တဆင့် ထိုင်းနိုင်ငံသွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း ခဲ့သည့် မြန်မာနိုင်ငံသား (၇၁) ဦးကို ယမန်နေ့ည သန်းခေါင်ယံ၌ ထိုင်းနယ်စပ် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး ရမိခဲ့ပါသည်။ “ကျွှန်တော်တို့ကို ကားပေါ် တင်ထားပြီး သွားဖို့ စောင့်နေ တုန်းမှာ စစ်တပ်ကို တွေ့လို့ ကားမောင်းသမား နှစ်ဦးက ထွက်ပြီး သွားပြီး ကား နှစ်စီးပေါ်မှာ ကျွှန်တော်တို့ ချည်းပဲ ကျန်ခဲ့တယ်၊ အဲဒီမှာ အဖမ်းခံ လိုက်ရတာပဲ” ဟု အဖမ်း ခံရသည့် မော့ကနင် ရွာသား တစ်ဦးမှ ပြောပါ သည်။
ဖမ်းဆီး ရမိသူများတွင် မွန်၊ မြန်မာသည် အများစု ပါဝင်ပြီး ချင်း ၂၈ ဦး ပါဝင်သည်။ ယောက်ကျား ၅၃ ဦး၊ မိန်းကလေး ၁၈ ဦးနှင့် ၅ နှစ်ခန့် ကလေး တစ်ဦး ပါဝင်သည်။ ဖမ်းဆီး ရမိသည့် သူများ ထဲတွင် အထူးသဖြင့် မွန်ပြည်နယ်မှ ဖြစ်ကြပြီး မော့ကနင်၊ လမိုင်း၊ ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ဘီလူးကျွန်း၊ ကျေးရွာများအပြင် ချင်းပြည်နယ်မှ လူများ ဖြစ်ပါသည်။ ထိုသူများသည် ထိုင်းနှင့် မလေးရှားကို အဓိက သွားရောက်ရန် ရည်ရွယ်ကြပြီး ချင်းလူမျိုး များမှာ အားလုံးသည် မလေးရှားသို့ သွားရောက် ရန် ဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ အလုပ်သမား ပါတ်စပို့ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသလို အလားတူ မလေးရှား နိုင်ငံသည်လည်း တရားဝင် အ လုပ်လုပ်ခွင့် ပေးထားပြီးဖြစ်ပါသည်။ ဤကဲ့သို့ တရားဝင် အလုပ်လုပ်ခွင့် ပေးထား သော်လည်း အများစုသည် တရားဝင် လုပ်ခွင့် ရှိကြောင်း ယခုအထိ သိရှိခြင်းမရှိပေ။ ဤသို့ကြောင့် ခိုးဝင်မှုများ ရှိနေဆဲဟု ဆိုနိုင်ပါသည်။

 ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..