ရင်ကျပ်ပန်းနာနဲ့ နာတာရှည် လြွေပန်ပိတ်ဆို့မှုရော ဂါတွေကိုကုသရာမှာ တိုး တက်ကောင်း မွန်လာတော့မယ်လို့ ဆိုပါတယ်။ အရသာအာရုံကို လျှာမှာရှိတဲ့ အာ ရုံခံဖုတွေက အာရုံခံပါတယ်။ ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါးဆိုတဲ့ အရသာ ငါးမျိုးရှိပါတယ်။ အခါးကို အာရုံခံမှုဟာ ခန္ဓာကိုယ် တွင်း အဆိပ်ဖြစ်စေမယ့် အရာတွေအတွက် ပိုမိုတက် ကြွမှုရှိတယ်လို့ ဆိုပါတယ်။ ဒီအာရုံခံ ဖုတွေဟာ ခန္ဓာ ကိုယ်တွင်း တခြားဆဲလ်တွေမှာလည်း ရှိနေတတ် ပါတယ်။ အထူးသဖြင့် ခါးတဲ့အရသာကို အာရုံခံတဲ့ အဖုဟာ လေပြွန်အတွင်း ကြွက်သားတွေမှာလည်း ရှိနေတတ် ပြီး ခါးတဲ့အရသာရရင် ဆဲလ်တွေကို Relax ရရှိစေပါတယ်။ ရင်ကျပ်ပန်းနာ ထလာရင် လြွေပန်ကြွက်သားတွေက ညှစ်အားရလာ တဲ့အတွက် လေပြွန်ကျဉ်း မြောင်းသွားပြီး အသက်ရှူရ ခက်ခဲလာ ပါတယ်။ အခါးအရသာရှိတဲ့ပစ္စည်းဟာ အဲဒီလေပြွန် ကြွက်သားတွေကို Relax ရကာ လေပြွန်ကျယ်စေတာကြောင့် ရင်ကျပ် ပန်းနာရောဂါ သက်သာစေနိုင်ပါတယ်။
Good Health

No comments:
Post a Comment