အမေရိကန်နှင့် ကုလသမဂ္ဂ တို့၏ အရေးယူ ပိတ်ဆို့မှုများကြောင့် မြောက်ကိုရီးယား နိုင်ငံသည် စီးပွားရေးနှင့် သံတမန်ရေး ဖိအားများ ကြုံတွေ့နေစဉ် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယား ကျွန်းတစ်ကျွန်းအား ပျောက်ကွယ်သွားအောင် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ ပါသည်။
ကိုရီးယားကျွန်း ဆွယ်တွင် စစ်ရေး တင်းမာမှုများမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး တတိယအကြိမ် နျူကလီးယား စမ်းသပ် ဖောက်ခွဲပြီးနောက် ကုလ သမဂ္ဂ၏ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက နျူကလီးယား စစ်ပွဲ ဆင်နွှဲရန် ခြိမ်းခြောက်လျက် ရှိပါသည်။ မတ်လ ၁၁ ရက်နေ့တွင် ကင်ဂျုံအန်သည် ရှေ့တန်း အမြောက်စခန်းသို့ သွားရောက်စဉ် Baengnyeong ကျွန်းအား မီးပင်လယ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ ပါသည်။ Baengnyeong မြို့ အုပ်ချုပ်ရေး အရာရှိ တစ်ဦး၏ ပြောကြားချက် အရ ဒေသခံများအတွက် အရေးပေါ်ခိုလှုံရန် အဆောက်အဦများ အလုံအလောက် ရှိကြောင်းနှင့် ကျေးရွာကောင်စီ အားလုံးမှ အမြင့်ဆုံးအဆင့် သတိပေးမှု ပြုလုပ်ထားကြောင်း သိရှိရ ပါသည်။
MWD
No comments:
Post a Comment