ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် မြန်မာနိုင်ငံသားအကျဉ်းကျခံနေ
ရသူ(၃၀၀၀)ခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ရဲချုပ်
ကျော်ကျော်ထွန်းက (၁၉.၃.၂၀၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော
ပြည်သူ့လွှတ်တော်အစည်းအဝေး(၂၉)ရက်မြောက်နေ့တွင် ပြောကြား
လိုက်သည်။အကျဉ်းကျခံနေရသည့် အကျဉ်းသားများလွတ်မြောက်စေရေး၊
ပြစ်ဒဏ်လျှော့ပေါ့နိုင်စေရေး ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ဝန်ကြီးဌာနများကိုစိစစ်နိုင်ရန်တင်ပြ ထားကြောင်းသိရသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေးစာချုပ်
ချုပ်ဆိုထားခြင်းမရှိသော်လည်း ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံနေရသည့်
မြန်မာနိုင်ငံအကျဉ်းသားများအတွက် တစ်ပတ်နှစ်ကြိမ်ဖုန်းပြောဆိုခွင့်ရရှိ
ရေးအတွက် စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။
SkyNet TV Browser

No comments:
Post a Comment