လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, March 15, 2013

ရန်ကုန် - ဟင်္သာတ ရထားလမ်း ယခုနှစ်ဖွင့်လှစ်မည်


၂၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသော ရန်ကုန် - ပုသိမ် ရထားလမ်း ဖောက်လုပ်မှုမှာ အင်းရာသီ ကုန်ဆုံးချိန်ထိ စောင့်ဆိုင်း နေရပြီး ရန်ကုန် - ဟင်္သာတ လမ်းကိုမူ ယခုနှစ်အတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား ၀န်ကြီးဌာန မှ သိရသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ရန်ကုန် - ပုသိမ် ရထားလမ်း ဖောက်လုပ်မှုမှာ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရန်ကုန်တိုင်း ဒေသကြီး အကြား လမ်းပန်း ဆက်သွယ်ရေး ပိုမို ချောမွေ့စေရန် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ် မှစ၍ ဖောက်လုပ် ခဲ့သည်။ ရန်ကုန် - ပုသိမ် ရထားလမ်းပိုင်း ကိုမူ လာမည့် ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ ရန်ကုန် - ဟင်္သာတ

လမ်းပိုင်းမှာ အဆုံးသတ် ပိုင်းကို ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ပုသိမ် ရထားလမ်းပိုင်း အတွင်း တာပေါင် ဖော်ခြင်း လုပ်ငန်းများ ၊ အင်းလုပ်ကွက် နေရာများတွင် တံတား တည်ဆောက်ခြင်း လုပ်ငန်းများ နှင့် ၀န်ထမ်း အိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်နေပြီး ရထားလမ်း ခရီးမိုင်မှာ ၉၈ မိုင် ရှည်လျားပြီး တံတား ၂၃၂ စင်း နှင့် ဘူတာရုံ ၁၂ ရုံ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..