လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 20, 2013

လိုင်းကားပေါ် မီးဖွားတဲ့ ထိုင်းနိုင်ငံရောက်မြန်မာမိန်းကလေး


 
 
ထိုင်းနိုင်ငံရောက် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦး မနေ့က ခရီးသွားရင်း လိုင်းကားပေါ်မှာ ကလေးမွေးဖွားခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
မနေ့က ညနေပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်း စတူးမြို့နယ်ကနေ ဘန်ကောက်ကို သွားတဲ့လမ်းမှာပါ တဲ့။ ကိုယ်ဝန်ဆောင် ဗိုက်နာတော့ လိုင်းကား လမ်းဘေးရပ်၊ ဖုန်းဆက်ခေါ်ထားတဲ့ အရေးပေါ်ဌာန၀န်ထမ်းတွေ မကြာခင် ရောက်လာပြီး မွေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မွေးလာတဲ့ သမီးကလေးရော၊ အသက် ၂၅ နှစ်အရွယ် မိခင်ပါ ကျန်းမာကြတယ်၊ ဆေးရုံတခုမှာ ရှိနေတယ် လို့ သတင်းတွေက


ဆိုပါတယ်။

ကလေးဖခင်ဖြစ်သူက အသက် ၂၆ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပါတယ်။

“အမျိုးတွေ ရှိတဲ့ ဖိစနို့လိုမြို့မှာ ပြန်မွေးဖို့ သွားတာ မထင်မှတ်ဘဲ ကြိုမွေးသွားတယ်၊ သမီးလေးလည်း ဖြစ်တယ်၊ နောက် ...
ကျန်းမာတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်” လို့ ပြောပါတယ်။

 
 
ကိုးကား - www.krobkruakao.com
သန်းထိုက်ဦး
ဧရာဝတီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..