လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 24, 2013

ပက်ဂျီဆန် အနားယူ တော့မှာ ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဖွင့်ဟ

Photo: ပက်ဂျီဆန် အနားယူ တော့မှာ ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဖွင့်ဟ

QPR အသင်းမှ ကွင်းလယ် ကစားသမား ပက်ဂျီဆန်သည် ၂၀၁၄ မှာ ကစားသမား ဘ၀မှ အနားယူဖွယ် ရှိကြောင်း သိရသည်။

ပက်ဂျီဆန်၏ ဖခင် ဖြစ်သူ ဆန်ဂျွန်းက ပက်ဂျီဆန်သည် QPR အသင်းတွင် ရုန်းကန် နေရပြီး ခြေစွမ်း မပြ နိုင်တာကြောင့် ၂၀၁၃-၁၄ ရာသီ အပြီးမှာ ကစားသမား ဘ၀မှ အနားယူရန် စဉ်း စား နေပြီ ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ ပက်ဂျီဆန်သည် ယခုနှစ် ရာသီမှာ မန်ယူမှ ထွက်ခွာ ပြီးနောက် QPR အသင်းမှာ ခြေစွမ်း မပြနိုင်ပဲ ဖြစ်နေသည်။ သူ၏ ဖခင်က  ဒီမှ သူ့အတွက် ခက် ခဲ နေပြီး ယခင် PSV အသင်းနှင့် မန်ယူ အသင်းတို့မှ ခြေစွမ်းမျိုး မရရှိ တော့ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောကြား ခဲ့သည်။ 

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ပက်ဂျီဆန်သည် တောင်ကိုရီးယား အသင်းမှာ ပါဝင်ခွင့် ရပြီး တစ်လ အကြာမှာပဲ သူ၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ကို ဂျပန်မှ ကျိုတိုဆန်ဂါ ကလပ် အသင်းနှင့် စတင် ခဲ့တာဖြစ်သည်။ ပက်ဂျီဆန်သည် သူ၏ ကစားသမား ဘ၀ သက်တမ်းတွင် ကျိုတို ဆန်ဂါ ကလပ် အသင်းနှင့် အတူ ၂၀၀၂ အင်ပါယာဖလား ၊ PSV အသင်းနှင့် အတူ နယ်သာလန် လိဂ်ဖလား ၂ ကြိမ် ၊ မန်ယူ အသင်းနှင့် အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရယူနိုင်ခဲ့သည်။ သူသည် လူကြိုက် အများဆုံး အာရှမှ ကစားသမား တစ်ဦး ဖြစ်ပြီး မိခင် နိုင်ငံမှ K လိဂ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ် ကြောင်း သိရသည်။

http://bit.ly/ZbzIKv

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..