လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, March 15, 2013

ဖခင်၏ အနမ်းပေးမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်

Photo: ဖခင်၏ အနမ်းပေးမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်

14 MARCH 2013 

Kaiden McCormick ဆိုတဲ့ ကလေးငယ်ကို မွေးဖွားမယ့် ရက်ထက် ငါးပတ်စောပြီး လမစေ့ဘဲ သူရဲ့မိခင် ကမွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်က သူ့ကိုအလွန်ချစ် တာကြောင့် ညတိုင်း ကိုယ်တိုင်ရေချိုး ပေးပြီးနောက် အနမ်းပေးကာ ချီပိုးပြီး သိပ်ပေးတယ်လို့ သိရပါတယ်။ ကလေးငယ် နှစ်ပတ်အရွယ်မှာ နို့ဘူး မစို့တော့ဘဲ ကိုယ်ပူချိန် အနည်းငယ် မြင့်တက်လာတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။ အဲဒါဖြစ်ပြီး နောက်မှာပဲ ရုတ်တရက် ကလေးငယ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူ ရပ်တန့်သွား တာကြောင့် အရေးပေါ်ကားကို ခေါ်ကာဆေးရုံ သွားခဲ့ပါတယ်။ ဆေးရုံမှာ အသက်ကယ်ဖို့အတွက် အထောက်အပံ့ ပေးတဲ့စက် (အသက်ရှူစက်)နဲ့ ခြောက်ပတ်ကြာ နေခဲ့ရပြီးမှ အသက်ရှူ ရပ်သွားကာ အတက်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပြီးနောက် ကလေးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အကုန်လုံး အလုပ် မလုပ်တော့တဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ထံမှ ရေယုန်ရောဂါပိုး ကူးစက်ခံ ရတာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားရပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။
ရေယုန်ရောဂါပိုးဟာ Herpes simple ဗိုင်းရပ်စ် ပိုးမွှားကြောင့်ဖြစ်ပြီး လူအများစု ကိုယ်အတွင်းမှာ ရှိနေတတ်ပါတယ်။ အနမ်းပေးတာ ဒါမှမဟုတ် နို့တိုက်တာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူကြီးအများစုမှာ ဒီဗိုင်းရပ်စ် ပိုးက ရှိနေတတ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မပေးတတ်ပေမယ့် နို့စို့ကလေးငယ်တွေ အတွက်မှာမူ ခုခံအား ကျဆင်းနေပါက အသက်အန္တရာယ် ရှိနိုင်ပါတယ်။ မွေးကင်းစ ခြောက်ပတ် အတွင်းမှာ အန္တရာယ် အရှိဆုံးဖြစ်ပြီး ရောဂါကူးစက် ခံရပါက ကလေးငယ်ဟာ နို့မစို့တော့တာ၊ မှိန်းနေတာ၊ အဖျားတက်တာနဲ့ အသံခြစ်ပြီး ငိုယိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့်မို့လို့ နို့စို့ကလေးငယ်တွေကို မနမ်းသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။

 Credit to >> GOOD HEALTH

  GOOD HEALTH

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..