လွှတ်တင်ရာတွင် အကုန်အကျ သက်သာစေမည့် နည်းလမ်းသစ် တစ်ခုကို ဆွစ်ဇာလန် ကုမ္ပဏီတစ်ခုက လက်တွေ့ စမ်းသပ်ပြလာခဲ့သည်။ ဆွစ်ဇာလန် ကုမ္ပဏီ S3က ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန်အတွက် ပေါင်စတာလင် (၇)သန်းမျှသာ လိုအပ်နိုင်တော့မည့် နည်းလမ်းကို မိမိတို့ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းငွေကြေး ပမာဏသည် လက်ရှိ ဂြိုဟ်တုလွှတ်တင်မှု ကုန်ကျစရိတ် စုစုပေါင်း၏ (၄)ပုံ(၁)ပုံသာ ရှိသည်။ S3က မောင်းသူမဲ့ လေယာဉ်ငယ် တစ်စင်းကို တီထွင်ထားပြီး ယင်းကို အသုံးပြုကာ အာကာသထဲသို့ ဂြိုဟ်တုကို လွှတ်တင်နိုင်မည် ဖြစ်သည်။
အဆိုပါ နည်းစနစ်အတွက် Airbus လေယာဉ်တစ်စင်းကိုလည်း ပါဝင် အသုံးပြုရန် လိုအပ်သည်။ အခြေခံ အကျဆုံး အချက်အလက်များကို မွမ်းမံအားဖြည့်ရန် လိုအပ်နေဆဲဖြစ်ပြီး ယင်းတို့ကို (၂၀၁၇)ခုနှစ်တွင် အားလုံး အပြီးသတ်နိုင်ရန် မျှော်လင့်နေသည်။
Read more http://www.planet.com.mm/news/read.cfm/id/21211
No comments:
Post a Comment