အိန္ဒိယနိုင်ငံသူအမျိုးသမီးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ရိုက်နှက်လို့ သေဆုံးသွား တဲ့နောက် အိန္ဒိယနိုင်ငံက အမျိုးသမီးတွေရဲ့ လုံခြုံမှုအပေါ် ပြည်တွင်းပြည်ပ က အာရုံစိုက်လာကြပါတယ်။ အမျိုးသမီးအတော်များများက အဲဒီနောက်ပိုင်းမှာ သူတို့ရဲ့ အမျိုးသမီးတွေအပေါ်စော်ကား ကျူးလွန်မှုတွေကို ထုတ်ဖော်ပြောဆိုလာကြ ပါတယ်။
ဒီအချိန်မှာပဲ ကမ္ဘာလှည့်ခရီးသည်ကို အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့် လုယက်ခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ရက်က နိုင်ငံကျော်ဖြတ် စက်ဘီးစီးတဲ့ ဆွစ်ဇာလန်နိုင်ငံက ခရီးသည်လင်မယားကို အိန္ဒိယနိုင်ငံသား ၅ ယောက်က မိန်းမကိုအုပ်စုဖွဲ့ မုဒိမ်းကျင့်၊ ယောကျားကို ရိုက်နှက်ပြီး ငွေနဲ့ ပစ္စည်းတွေ လုယူသွားခဲ့ပါတယ်။
အခု ဖမ်းမိတဲ့ တရားခံ ၅ ယောက်က ၀န်ခံထားပေမဲ့ ရဲစခန်းစစ်ချက်ကို တရားရုံးမှာ သက်သေအဖြစ်ယူလို့ မရတဲ့အတွက် အပြစ်ပေးနိုင်တဲ့ အခြေအနေကို မသိရသေးပါဘူး။
အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် အမျိုးသမီးတွေအပေါ်ထားရှိတဲ့ သဘောထားတွေကို ပြင်ဆင်ဖို့ လိုနေပြီး အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားမှုအပေါ် ပြင်းထန်တဲ့ ဥပဒေချမှတ်ကျင့်သုံးပြီး အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက မကြာသေးခင်က တာဝန်ပေးဖွဲ့စည်းထားတဲ့ လေ့လာရေးကောင်စီက အကြံပြုပါတယ်။
အဲဒီအကြံပြုချက်ထဲမှာ မူဝါဒပြုပြင်ရေးအကြောင်းပါရှိရာမှာ - အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့ ပြစ်မှုကို နှစ် ၂၀ အထိ ထောင်ဒဏ်အပြစ်ပေးနိုင်ဖို့၊ တိုင်ကြားမှုကို စုံစမ်းရေးယူဖို့ ပျက်ကွက်တဲ့ ရဲကို ရာဇ၀တ်မှုနဲ့ အရေးယူဖို့၊ စော်ကားခံရတဲ့သူရဲ့ အကျင့်စာရိတ္တ၊ နောက်ခံအကြောင်း စတာတွေကို ပြစ်မှုစီရင်ရာမှာ ထဲ့သွင်းစဉ်းစားတာမျိုး မလုပ်ဖို့ စတာတွေလည်း ပါဝင်ပါတယ်။ M
ကိုးကား- http://edition.cnn.com/2013/03/17/world/asia/india-tourist-gangrape/index.html?hpt=ias_c2
Burma-Newselite မှ
No comments:
Post a Comment