လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 7, 2013

လိပ်ရော့ခ်ကာ ခေါ် မာရီမြစ်လိပ်

ဆံပင်မွေးတစ်ထောင်ထောင်နဲ့ ရေညှိတက်နေတဲ့ ခေါင်းနဲ့ လိပ်ခွံကြောင့် သူ့ကို လိပ်ရော့ခ်ကာ (Rocker Turtle) လို့ နာမည်ပြောင် ပေးထားပါတယ်။ အမည်ရင်းကတော့ Mary River turtle ဖြစ်ပါတယ်။

သြစတေးလျနိုင်ငံ၊ Queensland အရှေ့ တောင်က Mary မြစ်မှာပဲ ရှိတာမို့ သူ့ကို မာရီမြစ်လိပ်လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် လက်မ ၂၀ လောက်ထိ အကြီးဆုံးတွေ့ရှိထားပါတယ်။ သြစတေးလျမှာ တစ်ချိန်တုန်း က အင်မတန် နာမည်ကြီးတဲ့ အိမ်မွေးတိရစ္ဆာန်တစ်မျိုး လည်း ဖြစ်ပါတယ်။ အခုတော့ အင်မတန်ရှားပါးနေပါပြီ။ မကြာမီ နှစ်များအတွက် ကမ္ဘာပေါ်မှာ မျိုးသုန်းပျောက် ကွယ်တော့မယ့် လိပ်မျိုးစိတ်အဖြစ်လည်း သတ်မှတ်ထား ပါတယ်။

ကုန်းနေ၊ရေနေလိပ်ဖြစ်ပြီး ရေထဲမှာ ခပ်မြန်မြန်ကူးခပ်သွားလာနိုင် ပါ တယ်။ အောက်ဆီဂျင်ဆုပ်ယူအား ကောင်းတဲ့ ခန္ခာကိုယ်ကြောင့် ကုန်းပေါ် တောင် သိပ်တက်စရာ မလိုပါဘူး။ သို့သော်လည်း ကုန်းမှာပါ နေ ထိုင်တတ်တဲ့ လိပ်တစ်မျိုးလည်း ဖြစ် ပါတယ်။ ရေညှိများ က ခေါင်းမှာရော၊ အခွံမှာပါ ပေါက်နေတတ်ပြီး မျက်လုံးများက အပြာရောင် အသွင် ရှိတတ် ပါတယ်။

လက်ရှိအချိန်မှာ သြစတေးလျနိုင်ငံရဲ့  ဒုတိယမြောက် မျိုးသုန်းပျောက်ကွယ် ရန် နီးကပ်တဲ့ မျိုးစိတ်အဖြစ် အသတ်မှတ်ခံထား ရ ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..