လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 1, 2013

နံနက်တွင်ဆီးသွားချင်၍ အိပ်ရာနိုးလာခြင်း

နံနက်တွင်ဆီးသွားချင်၍ အိပ်ရာနိုးလာခြင်း

လူအများစုဟာ နံနက်စောစောမှာ ဆီးသွားချင်လို့ အိပ်ရာနိုးတာက တခြား အကြောင်းရင်းတွေထက် ပိုများပါတယ်။ အကြောင်းရင်းကတော့ အညစ် အကြေး စွန့်ထုတ်တဲ့ အူမကြီးရဲ့ ကျုံ့နိုင်၊ ကျဉ်း နိုင်စွမ်းကို ထိန်းချုပ်ထားတဲ့ အူထဲက နျူရွန်တွေ ဟာ ခန္ဓာကိုယ် ဇီဝနရီဖြစ်စဉ်ရဲ့ လွှမ်းမိုးမှု ရှိပါတယ်။ ဒီဇီဝနရီဟာ ည ဘက်မှာ သင့်ကို အိပ်ငိုက်ပြီး အိပ်မော ကျအောင် လုပ်ပေးသလို သင့်ကို နံနက် ခင်းမှာ နိုးထလာအောင်လည်း လုပ် ဆောင်ပေးပါတယ်။ ဒါကြောင့် လူအ များစုဟာ ပုံမှန်အချိန်ဆိုရင် ညဥ့်လယ်မှာ ဝမ်းသွားလိုစိတ် မဖြစ်ပေါ်ကြတာပါ။ ပြီး တော့ ကျောက်ကပ်က ထုတ်လုပ်တဲ့ ဆီး အဆက်မပြတ်ကို သိုလှောင်ရာ ဆီးအိတ် ကလည်း ညအိပ်စဉ် တဖြည်းဖြည်းချင်း ပမာဏတစ်ခုအထိ ပြည့်လာပါတယ်။ ပုံ မှန်အားဖြင့် လူတွေဟာ ဆီးမသွားဘဲ ၆-၈ နာရီခန့်အထိ အိပ်မောကျနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေအဖို့ ညဘက် အိပ် မောကျပြီး နံနက်ခင်းမှာ ဆီးသွားချင် စိတ်ကြောင့် အိပ်ရာက နိုးရတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိပ်ရာမဝင်ခင် ရေနဲ့ အရည် တွေ များများသောက်ထားတာ၊ တချို့ ဆေးတွေ သောက်တာနဲ့ ကျန်းမာရေးအ ခြေအနေ တချို့ကြောင့် ညဘက်မှာပါ ဆီးသွားချင်လို့ အိပ်ရာက နိုးထရတတ် ပါတယ်။

ကြယ်စင်

Credit to  :  GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..