လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 11, 2013

အိန္ဒိယဟိန္ဒူဘာသာရေးပွဲတော်အတွင်း လူအုပ်ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံး

 
ဂင်္ဂါမြစ်ထဲတွင် စုပေါင်းရေချိုးသည့် ဘာသာရေး ပွဲတော်သည် ကမ္ဘာပေါ်တွင် လူအများဆုံး စုရုံးသည့် ဘာသာရေး ပွဲတော်လည်း ဖြစ်သည်။ လူသန်းပေါင်း ဆယ်ဂဏန်းထိ စုရုံးလေ့ရှိသည့် ကမ့်ဘ်မီလာ ပွဲတော်ကြီးအနီး ရထားဘူတာ တစ်ခုတွင် လူအများ ကစဥ့်ကလျား ပြေးလွှားရင်း လူအများအပြား သေဆုံးခဲ့ခြင်းဟု မြောက်ပိုင်းဗဟို ရထားပို့ဆောင်ရေး ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ ဆန်ဒိပ် မာသာက ပြောကြားခဲ့သည်။
အိန္ဒိယ နိုင်ငံတွင် လူအုပ်ပြိုကျမှု တစ်ခုကြောင့် တနင်္ဂနွေနေ့က လူပေါင်း (၃၆)ဦးထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဟိန္ဒူဘာသာရေး ဝတ်ပြု ဆုတောင်းပွဲကြီးတစ်ခု ကျင်းပ ပြုလုပ်နေသည့် နေရာအနီးရှိ ရထားဘူတာ တစ်ခုတွင်
ယခုလို ဖြစ်ရပ် ကြုံလာခြင်း ဖြစ်သည်။ ဂင်္ဂါမြစ်ထဲတွင် စုပေါင်းရေချိုးသည့် ဘာသာရေး ပွဲတော်သည် ကမ္ဘာပေါ်တွင် လူအများဆုံး စုရုံးသည့် ဘာသာရေး ပွဲတော်လည်း ဖြစ်သည်။ လူသန်းပေါင်း ဆယ်ဂဏန်းထိ စုရုံးလေ့ရှိသည့် ကမ့်ဘ်မီလာ ပွဲတော်ကြီးအနီး ရထားဘူတာ တစ်ခုတွင် လူအများ ကစဥ့်ကလျား ပြေးလွှားရင်း လူအများအပြား သေဆုံးခဲ့ခြင်းဟု မြောက်ပိုင်းဗဟို ရထားပို့ဆောင်ရေး ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ ဆန်ဒိပ် မာသာက ပြောကြားခဲ့သည်။

အိန္ဒိယဟိန္ဒူဘာသာရေးပွဲတော်အတွင်း လူအုပ်ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံး

ဘူတာအတွင်း ဝတ်ပြုသူများနှင့် ပိတ်ကျပ်လာပြီးနောက် ယခုလို ဖြစ်ပွားလာခြင်းဟု သိရသည်။ အစောပိုင်းက ရထားဘူတာရှိ ပလက်ဖောင်းတံတား ပြိုကျသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မာသာက ငြင်းဆန်ခဲ့သည်။ ယခုဖြစ်စဉ်အတွင်း လူပေါင်း (၃၆)ဦး သေဆုံးကာ (၃၀)မျှ ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။ တနင်္ဂနွေနေ့က သန်း(၄၀)မျှသည် အိန္ဒိယ မြောက်ပိုင်းရှိ ယူအာ ပရာဒက်ဇ် ပြည်နယ်သို့ ရောက်ရှိလာကာ ပွဲတော်ချိန်တွင် မြစ်ရေချိုးခဲ့ကြသည်။ ဂင်္ဂါမြစ်ရေသည် ယမုံနာမြစ်နှင့် ဒဏ္ဍာရီလာ သာယာဝတီ မြစ်များနှင့် (၁၂)နှစ်တစ်ကြိမ် ပေါင်းဆုံ စီးဆင်းလေ့ ရှိသည်ဟု ယုံကြည်ပြီး ထိုအချိန်တွင် ဟိန္ဒူ ဘာသာဝင်များက ရေချိုးလေ့ရှိသည်။



တနင်္ဂနွေနေသည့်သည် အဆိုပါ ပွဲတော်၏ အဓိကအကျဆုံး နေ့ရက်တစ်ခုလည်းဖြစ်ရာ လူအမြောက်အမြား လာရောက်ခဲ့ခြင်း ဖြစ်သည်။ ဟိန္ဒူရိုးရာ ယုံကြည်မှုအရ မြစ်များစုပေါင်း စီးဆင်းသည်ဆိုသော အလာဟာဘက် ဒေသသည် သေခြင်းကင်းသည့် ဝတ်မှုန်များ ဖြန့်ကျက်ကျရောက်ရာ နေရာ(၄)ခုအနက်တွင် ပါဝင်ပြီး အဆိုပါ ဝတ်မှုန်အတွက် နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးများသည် တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။



အိန္ဒိယ အစိုးရသည် ထိုရေချိုးရက်တွင် စတုရန်း ကီလိုမီတာ (၂၀)ရှိသော ဧရိယာကို ထိန်းသိမ်းရန် ရဲအရာရှိ (၁၂၀၀၀)ထိ ဖြန့်ကျက်ပေးထားရကြောင်းလည်း အစိုးရက ပြောဆိုထားသည်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟမ်ဆင်းက ပွဲတော်ရက်တွင် လူအုပ်ပြိုသဖြင့် သေဆုံးခဲ့မှုအတွက် အလွန် တုန်လှုပ်မိကြောင်း ဝန်ခံခဲ့သလို ဖြစ်နိုင်သမျှ အကူအညီအားလုံး ပေးရန် တာဝန်ရှိသူများကို စေညွှန် တိုက်တွန်းခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။



Source: CNN
planet မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..