လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 29, 2013

ချစ်စရာ အိမ်မွေးပုတ်သင်ညို Chameleon

Photo: ချစ်စရာ အိမ်မွေးပုတ်သင်ညို Chameleon 

အိမ်မွေးတိရစ္ဆာန်ထဲမှာ ပါတဲ့ Chameleon ဟာ မြန်မာပြည်မှာ တစ်ကောင် ကို ၂ သိန်း၊ ၃ သိန်း ဝန်းကျင်မှာ အစားစား ပေါက်ဈေး ရှိပါတယ်။ ဈေးကြီး အိမ်မွေးတိရစ္ဆာန်တစ်မျိုးထဲမှာ ပါဝင်ပါတယ်။ Tangled  ကာတွန်းကားထဲက အကောင်လေးပဲ ဖြစ်ပါတယ်။

လူကို အန္တရာယ်မပြုတတ်ပဲ မျက်လုံးမှေးမှေး၊ ကုပ်ကုပ်ကလေးနေတတ်တဲ့ သူ့ကို အာဖရိကတိုက်မှ ပိုမို မြင်တွေ့ရပါတယ်။ အာဖရိက၊ အိန္ဒိယ၊ သီရိလင်္ကာ တို့လို နိုင်ငံကနေ ဥရောပ၊ အမေရိက တိုက်အထိ ပျံ့ နှံ့ တည်ရှိ နေပါပြီ။ မိုးသစ်တောနဲ့ အပူပိုင်း ဒေသတွေမှာ နေထိုင်နိုင်တဲ့ သတ္တယါ တစ်မျိုး ဖြစ်ပါတယ်။ 

Chameleon မှာ အမျိုးအစား ၃၀ ထပ်ကွဲပေမယ့် အိမ်မွေးထဲမှာတော့ အဓိက ၆ မျိုးပဲ ထပ်ကွဲ ပါတယ်။ အကြီးဆုံး မျိုးစိတ်က ၁၃ လက်မ ကနေ ၂၄ လက်အ အထိ ကြီးနိုင်ပြီး အသေးဆုံးမျိုးစိတ်ကတော့ ၂ လက်မ မှ ၃ လက်မ ဖြစ်ပါတယ်။ အိမ်မွေးအများစုက ၆ လက်မထက် ပိုမကြီးပါဘူး။  အကောင်သေးသေးလေးတွေပဲ ဖြစ်ပါတယ်။

မျက်လုံး နှစ်လုံးကို တစ်လုံးစီ သီးခြားအသုံးပြုနိုင်ပါတယ်။ ၃၆၀ ဒီဂရီလှည့်ပတ် ကြည့်နိုင်ပြီး အမြင်အာရုံ အားကောင်းတဲ့ တိရစ္ဆာန် လည်း ဖြစ်ပါတယ်။ Chameleon ဟာ ယနေ့မှာ လူကြိုက်များ အိမ်မွေး တိရစ္ဆာန် တစ်မျိုး ဖြစ်လာကြောင်း သိရပါတယ်။ 
----
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/chameleon.html

--

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..