လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 29, 2013

သန္တာ ကျောက်တန်း ပေါ်တွင် သောင်တင်နေမှု အတွက် အမေရိကန် ရေတပ်၏ တောင်းပန်မှုအား ဖိလစ်ပိုင် ကြိုဆို

Photo: သန္တာ ကျောက်တန်း ပေါ်တွင် သောင်တင်နေမှု အတွက် အမေရိကန် ရေတပ်၏ တောင်းပန်မှုအား ဖိလစ်ပိုင် ကြိုဆို

အမေရိကန် မိုင်းရှင်း သင်္ဘောသည် ဖိလစ်ပိုင် နိုင်ငံ၏ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် သန္တာ ကျောက်တန်း ပေါ်တွင် သောင်တင်နေမှု အတွက် အမေရိကန် ရေတပ်၏ တောင်းပန်မှုအား ကြိုဆိုကြောင်း၊ သို့သော် ပြစ်ဒဏ်မှ ကင်းလွတ် ခွင့်ရမည် မဟုတ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အကွီနိုက ပြောကြား ခဲ့ပါသည်။

သင်္ဘော သောင်တင်နေမှု အတွက် ဦးစားပေး လုပ်ငန်းမှာ Tubbataha သန္တာ ကျောက်တန်းမှ USS Guardian သင်္ဘောအား ဖယ်ရှားရန် ဖြစ်ပြီး ၎င်းဒေသသို့ မည်သည့် အတွက်ကြောင့် မှားယွင်းဝင်ရောက် ခဲ့သည်ကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အကွီနိုက ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ်မြို့တွင် ပြောကြား ခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရ၏ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက် အရ သိရှိရ ပါသည်။ ၆၈ မီတာ ရှည်လျားသော အဆိုပါ ရေယာဉ်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ မှစ၍ သောင်တင်နေခြင်း ဖြစ်ပြီး သင်္ဘောကိုယ်ထည်တွင် အပေါက် ဖြစ်ပေါ်ကာ ရေများဝင်လျက် ရှိကြောင်း သိရှိရ ပါသည်။ လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက အဆိုပါ ရေယာဉ်မှ လောင်စာဆီ ၅၇,ဝဝဝ လီတာအား ဖယ်ရှားရန် အမေရိကန် ရေတပ်က ဆောင်ရွက်ခဲ့ ပါသည်။

http://www.myawady.net.mm/allnews/global/item/5536-2013-01-28-15-04-25#.UQZSVp28B8E

.myawady.

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..