လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, January 2, 2013

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရမည်


သက်ကြီးရွယ်အို မိဘများထံသို့ အချိန်
မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့်
 သားသမီးများအား တရားစွဲ ဆိုနိုင်သည့်
ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်း


လိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန် လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက်ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်းများကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်း ရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။

ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊

 စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..