လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 7, 2013

ဂျပန်ဒုဝန်ကြီးချုပ်တာရိုအာဆိုရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့အကြွေးတွေလျှော်ပစ်ခဲ့တဲ့ အပေါ်တရုတ်ကို ပစ်မှတ်ထားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ကြောင်းတရုတ်သတင်းစာဖေါ်ပြ


မြန်မာနိုင်ငံဟာ ဂျပန်၊ အိန္ဒိယ၊ အနောက်နိုင်
ငံတွေနဲ့ ပိုပြီးနီးစပ်လာနေပြီး၊ ဆက်ဆံရေး
တိုးမြှင့်လာနေတာဟာ တရုတ် မြန်မာ
ဆက်ဆံရေးအပေါ်

သက်ရောက်မှုတွေရှိလာနေပြီး၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ မဟာဗျူဟာ
 နေရာအခင်းအကျင်း အပေါ်မှာလည်း ဖိအားတစ်ရပ်ဖြစ်လာနေတယ်လို့ တရုတ် အစိုးရရဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာက မနေ့က ဖေါ်ပြလိုက်ပါတယ်။

ဂျပန် ဒုဝန်ကြီးချုပ် တာရိုအာဆိုရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့အကြွေးတွေလျှော်
ပစ်တာ၊ နောက်ထပ် ငွေကြေးအကူအညီတွေ အမြောက်အများထပ်ပေး
တာတွေဟာ တရုတ်ကို ပစ်မှတ်ထားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ကြောင်း၊ ဒါ့ပြင် ဒီလအတွင်း
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးAK Antony  မြန်မာပြည်ကို သွားမယ့် ခရီးစဉ်ဟာလည်း
တရုတ်ရဲ့ မဟာဗျူဟာ လမ်းကြောင်းတွေကို ဖက်ပြိုင်ဖို့ဖြစ်ကြောင်း Global Times သတင်းစာမှာပါဝင်တဲ့ ဆောင်းပါးတစ်စောင်က ရေးသားထားပါတယ်။

ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးတွေ တဖြည်းဖြည်းအားကောင်း
လာနေတယ်လို့ လေ့လာသူတွေက ဆိုကြောင်း၊ ဒါဟာ လေးနက်ခိုင်ခန့်တဲ့  တရုတ်မြန်မာ ဆက်ဆံရေးကို လျှော့တွက် လိုက်တာဖြစ်ကြောင်း၊ တရုတ်ပြည်ဟာ မြန်မာရဲ့ အကြီးဆုံး
 ရင်းနှီးမြှုပ်နှံသူ၊ ဒုတိယအကြီးဆုံး စီးပွားဘက် ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

RFA (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..