ကိုရီးယား နိုင်ငံမှ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်ကြသော Mando ကော်ပိုရေးရှင်းနှင့် Meister ကုမ္ပဏီ တို့သည် ကမ္ဘာ့ ပထမဆုံး မျိုးဆက် ချိန်းကြိုးမဲ့ လျှပ်စစ်စွမ်းအင်သုံး ခေါက်စက်ဘီး တစ်မျိုး ကို ပူးတွဲထုတ်လုပ် ခဲ့ကြကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။
အဆိုပါ ချိန်းကြိုးမဲ့ ခေါက်စက်ဘီးကို Footloose ဟု အမည် ပေးထားပြီး ၎င်းစက်ဘီးသည် စက်ဘီးတွင် ပါဝင်သည့် မော်တာအားဖြင့် ခရီး အကွာအဝေး ၁၈ ဒသမ ၆ မိုင်အထိ သွားနိုင်ကြောင်း သိရသည်။ သတ်မှတ်ထားသည့် ခရီး အကွာ အဝေးထက် ပိုမို သွားလိုလျှင်မူ စက်ဘီးကို နင်းရမည် ဖြစ်သည်။
စွမ်းအင် ထုတ်လုပ်ရာတွင် ခြေနင်းနှင့် ဆက်သွယ်ထားသော ပြန်လှန်လျှပ် စစ်ထုတ်စက် (alternator) မှ လျှပ်စစ်ဓာတ်ကို တိုက်ရိုက် ထုတ်လုပ် သွားမည် ဖြစ်သည်။ ထွက်လာသည့် စွမ်းအင်ကို လီသီယမ်- အိုင်ယွန် ဘက်ထရီ အတွင်း၌ သိုလှောင် ထားမည်ဟု သိရသည်။
မိမိသွားလိုသည့် ခရီးကို လျှပ်စစ်စွမ်းအား အသုံးပြု၍ မောင်းနှင် နေချိန်တွင် Footloose သည် မြေပြင် အနေ အထားအလိုက် အလိုအလျောက် ဂီယာ ပြောင်းပေးသော ကိရိယာ တစ်ခုနှင့် အတူ လျှပ်စစ်မော်တာ အရှိန် အတိုး အလျှော့ကို ထိန်းညှိပေးသော အာရုံခံ ကိရိယာ အပါအဝင် လျှပ်စစ် ထိန်းချုပ်မှု ကိရိယာကို အသုံးပြု ထားသည်။ မြေပြင် အနေအထား အရ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပါက ၎င်းအခက်အခဲကို လက်ကိုင်ဘားတွင် တင်ထားသည့် Human Machine Interface (HMI) မှ တစ်ဆင့် ဖော်ပြ ပေးသွားမည် ဖြစ်သည်။ ၎င်းလျှပ်စစ် စက်ဘီးကို ဥရောပ ဈေးကွက်တွင် ၂ဝ၁၄ ခုနှစ်၌ စတင် ဖြန့်ချိသွားမည် ဖြစ်သည်။
myawady

No comments:
Post a Comment