အမေရိကန် ပြည်ထောင်စု ဆမ်မာ အေခရွန်မြို့ရှိ ဆေးရုံတွင် အမြွှာညီ အစ်မနှစ်ဦးသည် တစ်နေ့တည်း ကလေး မီးဖွားခဲ့ကြောင်း Beacon သတင်း ဌာနက ဖော်ပြခဲ့သည်။
အသက် ၁၉ နှစ်သာ ရှိသေးသည့် အေမီသည် နှစ်သစ်ကူးနေ့ နေ့လယ်ပိုင်းတွင် ကလေး မီးဖွားခဲ့ပြီး သူ၏ အမြွှာ ညီ အစ်မ ဖြစ်သည့် အက်ရှလီနယ်လ်ဆန်သည် ထိုနေ့ မွန်းလွဲပိုင်း ၂ နာရီ ၃ မိနစ် အချိန်၌ ကလေး မီးဖွား ခဲ့သည်။
မိမိ၏ အမြွှာ သမီးနှစ်ဦးမှ မွေးဖွား လာသည့် ကလေး နှစ်ဦးသည် ခရစ္စမတ် ရာသီတွင် မွေးဖွား လာ ခဲ့ခြင်း ဖြစ်ကြောင်း အမြွှာနှစ်ဦး၏ မိခင်ဖြစ်သူ မာဆယ်လာ ဖာဆွန်က ပြောကြား ခဲ့သည်။
အေမီနှင့် အက်ရှလီတို့သည် တစ်နေ့တည်းတွင် ကလေး မီးဖွားရန် အစီအစဉ် မရှိသော်လည်း ယခုကဲ့သို့
တစ်နေ့တည်း ကလေးမီးဖွားခဲ့ကြောင်း၊ တော်တော်များများ ကိစ္စများတွင် ၄င်းတို့နှစ်ဦး၏ ခံစားချက် များသည် တူညီကြသော်လည်း ၄င်းတို့သည် သီးခြားဘဝများတွင်သာ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖာဆွန်က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

No comments:
Post a Comment