လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, January 4, 2013

အမှိုက်သွန်ခိုင်းလို့ အမေကိုသတ်


ဇန်န၀ါရီ ၂အင်ဒီယာနာပြည်နယ်
 အင်ဒီယာနာပိုလိစ် ရဲတပ်ဖွဲ့၏ ပြော
ကြားချက်အရ လူငယ်တစ်ယောက်
သည် မိခင်ဖြစ် သူက အမှိုက်ထွက်


သွန်ခိုင်းရာမှ လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထိုလူငယ်သည် အမှိုက်ပုံးကို မိခင်ဖြစ်သူက အပြင်သို့ထွက်သွန်ခိုင်းရာ ဒေါသထွက်ပြီး သေနတ်ဖြင့် ပစ်ခြင်းဖြစ်သည်ဟုဆိုသည်။

အသက် ၃၆ နှစ်အရွယ်ရှိ အဲရစ် ဘိုးမန်းဆိုသူသည် အသက် ၅၄ နှစ်အရွယ် မိခင် ပေါ်လာဒေးကို တရားမ၀င် ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

 ဘိုးမန်းသည် မိခင်ကို သေနတ်ဖြင့် ပစ်ပြီးနောက်  မော်ဂန်ကောင်တီမြို့သို့ ထွက်ပြေးကြောင်း၊ ဘရွတ်ကလင်မှ ရဲအရာရှိ သူ့ခြေထောက်ကို ပစ်ခတ်ကာ ဖမ်းဆီး ခဲ့ရကြောင်းသိရသည်။

ရဲအရာရှိ အဒမ်က “အမှိုက်လေးသွန်ခိုင်းတာနဲ့ ဘာကြောင့် အဲဒီလောက် ပေါက်ကွဲရတာလဲ ကျွန်တော်တော့ နားမလည်တော့ဘူး။

သူ့အမေကိုဗျာ မသေမချင်း ပစ်သတ်သွားတာ” ဟုဆိုသည်ဘိုးမန်းသည် မိသားစုဝင်များနှင့်
ကလေးများရှိနေသည့် ရှေ့တွင်ပင် မိခင်ကို ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းများက ပြောကြားရာတွင် ကွယ်လွန်သူ ပေါ်လာဒေးသည် အိမ်နီးချင်းများ ကို အကူအညီပေးတတ်ပြီး ချစ်ခင်ဖွယ်ရာကောင်းသည်ဟု သိရသည်။

မောက္ခနိုင်ငံတကာသတင်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..