လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 31, 2013

သွေးထွက်နေသော မှိုပင်

Photo: သွေးထွက်နေသော မှိုပင်

သွေးတော့မဟုတ်ပါဘူး။ သို့ပေမယ့် သူရဲ့  ကိုယ်ကနေ သွေးကဲ့သို့ အရောင် ရှိတဲ့ အရည်/အဆီများ တဆိမ့်ဆိမ့်နဲ့ ထွက်ရှိနေလို့ သွေး ထွက်သော မှိုလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Hydnellum peckii ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယားကျွန်းဆွယ်တို့လို နေရာမှာ ရှင်သန် ပေါက်ဖွားပါတယ်။ အရွယ် အစား ကလည်း ၁ လက်မ မှ ၃ လက်မ၊ ၆ လက်မ ပတ်လည်မက လည်း ရှိတတ်ပြီး အစုလိုက်လည်း ပေါက်တတ်တဲ့အတွက် အကြီးကြီးလို့လည်း ထင်ရနိုင်ပါတယ်။

အနီရောင်ရည်ကတော့ စတော်ဘယ်ရီရည်လို၊ သွေးရည်လို ဖြစ်ပြီး Sport လို့ခေါ်တဲ့မျိုးမှုန်များလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပင်ပေါက်ပြီး ရင် နောက်တစ်ပင်က ယင်းနေရာပတ်ဝန်း ကျင်မှာ ပြန်ပေါက်ဖို့ လွယ်ကူ ပါတယ်။ အပင်က ကြည့်ရတာ မနှစ်မြှို့ ဖွယ်ရာစရာပဲ အလိုအလျောက် ပဲ သွေးကဲ့သို့ အရည်များ ထွက်နေတဲ့အတွက် Devil's mouth လို့လည်း ခေါ်ဆိုကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar 
 
No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..