အပြင် ထွက်ခွင့်တောင်းကြောင်း၊ ထိုနေ့က ပထဝီ၊ သမိုင်းနှင့် ပြည်သူ့နီတိဘာသာရပ်ကို ဖြေဆိုရကြောင်း၊ နံနက် ၁၀ နာရီတွင် စာမေးပွဲစတင်ပြီး မိနစ် ၃၀ အကြာတွင် စာဖြေသူ မိန်းကလေးမှ အပြင်ထွက်ခွင့်တောင်းခြင်းဖြစ် ကြောင်း၊ စာဖြေခန်းထဲမှ ထွက်ပြီးသည်နှင့် ဂိတ်ဝသို့သွားပြီး၊ ဂိတ်ဝအနီးတွင် စောင့်နေသော ကျူရှင်ဆရာ လက်အတွင်းသို့ ထိုမေးခွန်းစာအုပ်ကို လက်ဆင့်ကမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ စာမေးပွဲ ကြီးကြပ်သူက သူမအခန်းတွင်း ထွက်သွားပြီးမှ သူမနေရာတွင် မေးခွန်းစာအုပ်မရှိခြင်းကို သတိထား လိုက်မိသည်။ ပြန်ဝင်လာသောသူမကို မေးခွန်းစာအုပ် ဘယ်ရောက်သွားသနည်းဟု မေးရာတွင် ဖြေဆိုခြင်း မရှိ သဖြင့် ကြီးကြပ်သူဆရာက ရဲများကိုခေါ်ယူခဲ့သည်။ နာဂါစကီ ရဲတပ်ဖွဲ့မှ ပြောကြားရာတွင် စာဖြေသူကလေးမသည် စာမေးပွဲဖြေဆိုနေချိန်တွင် မေးခွန်းစာအုပ်ကို အပြင်သို့ ယူထုတ်ရန် တားမြစ်ထားသည်ကို မသိကြောင်း၊ ကျူရှင်ဆရာကလည်း ထိုသို့ လုပ်ဆောင်မှုမှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ကို မသိသဖြင့် တပည့်ဖြစ်သူ၏ ဖြေဆိုခဲ့မှုအပေါ်တွင် အမှတ်မည်မျှရသည် ကို စစ်ဆေးလိုသောကြောင့်သာ ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရဲများကမူ ယခုဖြစ်ပွားသည့် ကိစ္စမှာ သာမန်နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်ပွားခဲ့သည်ဖြစ်သဖြင့် မီဒီယာကို အကျယ်မဖွကြရန် မေတ္တာ ရပ်ခံထားသည်။ စာမေးပွဲကြီးကြပ်စစ်ဆေးပေးရသည့် ကါဝါဆု အမျိုးသမီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီး နိုဘိုရု နိုနိုမူရာက အမှန်မှာ ကျောင်းသူ အတန်းအပြင်ထွက်သွားစဉ်ကတည်းက စစ်ဆေးရန် ကြီးကြပ်ရေးမှူးတွင် တာဝန်ရှိ ကြောင်း၊ ယခုလို ပြင်ပသို့ မေးခွန်းကို ထုတ်သွားပြီးမှ သိရှိရခြင်းအပေါ် မိမိတွင် တာဝန်ရှိပါသဖြင့် တောင်းပန်ပါ ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။
မောက္ခမဂ္ဂဇင်း

No comments:
Post a Comment