လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 31, 2013

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး


ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။

Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။ ၁၉၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ပြေးဆွဲပြီး ၂၀၀၈ ခုနှစ်အထိ စီးနှင်း သူပေါင်း ၂၈ သန်း ရှိသွားပြီလို့ ဆိုပါတယ်။ နေ့စဉ် စီးနှင်းသူဦးရေ ၈၂၀၀၀ ကျော် ရှိပါတယ်။ မြေပြင်အပေါ် အထက် ၃၉ ပေခွဲနီးပါး  မြင့်ပြီး ခရီးစဉ် အစအဆုံးက မိနစ် ၃၀ ကြာမြင့်ပါတယ်။

ဘာလင်မြို့ မှာ တပ်ဆင်ဖို့ စိတ်ကူးခဲ့ပေမယ့် Wuppertal မြို့ မှာတင် တပ်ဆင် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့တိုင် ပြေးဆွဲလျက် ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြင့်တင်ခြင်း များ ပြုလုပ်ပါတယ်။

အပျော်ခရီးအနေနဲ့ စီးချင်သူရော၊ လုပ်ငန်းသုံးအတွက်ရော ပြေးဆွဲနေတဲ့ Wuppertal မြို့ က တွဲလောင်းရထားဟာ ဂျာမနီနိုင်ငံ၊ Wuppertal မြို့ မှာ အထင်ကရ တစ်ခုအနေနဲ့ တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..