လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 28, 2013

ထိုင်းဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ရိုဟင်ဂျာများ အစာငတ်ခံ ဆန္ဒပြနေ

Photo: ထိုင်းဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ရိုဟင်ဂျာများ
အစာငတ်ခံ ဆန္ဒပြနေ

ဘန်ကောက်၊ ဇန်န၀ါရီ ၂၆ ။

ထိုင်းနိုင်ငံတောင်ပိုင်း ဒုက္ခသည်စခန်းတစ်ခုတွင်
ခိုလှုံနေသော ရိုဟင်ဂျာများသည် ထိုင်းအာဏာပိုင်များ
ပေးအပ်သော အစားအစာများကို မကျေနပ်သဖြင့် 
အစာငတ်ခံ ဆန္ဒပြနေကြောင်း ဘန်ကောက်ပို့စ် သတင်း
တစ်ရပ်ကဖေါ်ပြသည် ။

ယင်းစခန်းမှ စကားပြန်တစ်ဦး၏ အဆိုအရ ရိုဟင်ဂျာ
များသည် တတိယနိုင်ငံတစ်ခုသို့  နိုင်ငံရေးခိုလှုံခွင့်ရရေး
အတွက် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုနေကြောင်း၊ ၎င်းတို့မှာ လုံခြုံရေးအခြေအနေကြောင့် မြန်မာသို့ ပြန်ပို့ခံရမည့်
အရေးကို ငြင်းဆန်နေကြောင်း သိရသည်။


ယင်း စခန်းတွင်ရှိသော ရိုဟင်ဂျာများက ၎င်းတို့
အတွက် တစ်နေ့လျှင် လူတစ်ဦးစားစရိတ် ၂ဒဿမ ၅ ဒေါ်လာခန့် ပေးထားခြင်းမှာ လုံ လောက်မှု 
မရှိကြောင်း၊ ပို၍ အရည်အသွေးကောင်းသော  
အစားအစာများကို  အရည်အတွက်များများ လိုချင်
ကြောင်း ဆိုထားသည်။ 

ယင်းရိုဟင်ဂျာများမှာ ၁၂၀ ခန့် ရှိပြီး၊ တောင်ပိုင်းဖန်င
ပြည်နယ်မှ ပရာချွတ်ခီရိခန် ပြည်နယ်မှ မူအန်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးရဲများ ထိန်း ချုပ်သော  စခန်း
တစ်ခုတွင် ထိန်းသိမ်းခံနေရသောသူများ ဖြစ်သည်။ 

စခန်းတွင်ရိုဟင်ဂျာများကို ကျန်းမာရေး တာဝန်ရှိသူများ
ကလည်း စကား ပြန်များအကူအညီဖြင့် ဆေးစစ်ပေးမှုများ
ပြုလုပ်ခဲ့သည်။

၎င်းတို့ကို တတိယနိုင်ငံတစ်ခုသို့ မပို့မီစပ်ကြားတွင် ထိုနေရာ၌ပင်ထိန်းသိမ်းထားရန် အမိန့်ပေးထားကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည် ။

REF: Xinhua



ထိုင်းနိုင်ငံတောင်ပိုင်း ဒုက္ခသည်စခန်းတစ်ခုတွင်ခိုလှုံနေသော ရိုဟင်ဂျာများသည် ထိုင်းအာဏာပိုင်များ
ပေးအပ်သော အစားအစာများကို မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်ကဖေါ်ပြသည် ။ယင်းစခန်းမှ စကားပြန်တစ်ဦး၏ အဆိုအရ ရိုဟင်ဂျာများသည် တတိယနိုင်ငံတစ်ခုသို့  နိုင်ငံရေးခိုလှုံခွင့်ရရေး
အတွက် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုနေကြောင်း၊ ၎င်းတို့မှာ လုံခြုံရေးအခြေအနေကြောင့် မြန်မာသို့ ပြန်ပို့ခံရမည့်
အရေးကို ငြင်းဆန်နေကြောင်း သိရသည်။


ယင်း စခန်းတွင်ရှိသော ရိုဟင်ဂျာများက ၎င်းတို့
အတွက် တစ်နေ့လျှင် လူတစ်ဦးစားစရိတ် ၂ဒဿမ ၅ ဒေါ်လာခန့် ပေးထားခြင်းမှာ လုံ လောက်မှု
မရှိကြောင်း၊ ပို၍ အရည်အသွေးကောင်းသော
အစားအစာများကို အရည်အတွက်များများ လိုချင်
ကြောင်း ဆိုထားသည်။

ယင်းရိုဟင်ဂျာများမှာ ၁၂၀ ခန့် ရှိပြီး၊ တောင်ပိုင်းဖန်င
ပြည်နယ်မှ ပရာချွတ်ခီရိခန် ပြည်နယ်မှ မူအန်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးရဲများ ထိန်း ချုပ်သော စခန်း
တစ်ခုတွင် ထိန်းသိမ်းခံနေရသောသူများ ဖြစ်သည်။

စခန်းတွင်ရိုဟင်ဂျာများကို ကျန်းမာရေး တာဝန်ရှိသူများ
ကလည်း စကား ပြန်များအကူအညီဖြင့် ဆေးစစ်ပေးမှုများ
ပြုလုပ်ခဲ့သည်။

၎င်းတို့ကို တတိယနိုင်ငံတစ်ခုသို့ မပို့မီစပ်ကြားတွင် ထိုနေရာ၌ပင်ထိန်းသိမ်းထားရန် အမိန့်ပေးထားကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည် ။

REF: Xinhua

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..