
ကမ္ဘာ့အကြီးဆုံး 3D တီဗီကို Sony က မျက်မှန်တစ်လက်နဲ့ ထုတ်လုပ်ခဲ့ဖူး ပါတယ်။ မျက်မှန် စွတ်လိုက်ရင် ၁၅၂ လက်မ အကျယ်ရှိတဲ့ မျက်နှာပြင်ပေါ် လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် တီဗီဆိုပေမယ့် Glasses စာရင်းထဲ ထည့်ရမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား LG ကတော့ ၈၄ လက်မ အရွယ် ရှိတဲ့ LED သုံးဖက်မြင် တီဗီကြီးကို အမှန်တကယ် ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါ တယ်။
ယခု ဈေးကွက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ resolution က 4K အဆင့် ရှိပါတယ်။ 4K ဆိုတာ 3840×2160 ဖြစ်ပြီး 8.3 megapixel အဆင့် ရှိပါ တယ်။ ရုပ်ထွက်ကြည်လင်ပြတ်သားမှုက အမြင့်ဆုံးမှာ ရှိပြီး 3D ဗားရှင်း ကြည့်ရင်တော့ resolution အနည်းငယ် နိမ့်သွားမှာ ဖြစ်ပါတယ်။ HDTV မှာတော့ အမြင့်ဆုံး resolution ပေးမှာ ဖြစ်ပါတယ်။
HDMI ပေါက် လေးပေါက် ပါရှိပါတယ်။ Wi-Fi, Bluetooth တို့လည်း ပါရှိပြီး USB 2.0 ပေါက်လည်း ပါပါတယ်။ dual play feature ကိုလည်း ဂိမ်းဆော့ မယ့် သူများအတွက် ထည့်သွင်းပေးထားတယ် ဆိုပါတယ်။ Freeview HD tuner တို့လည်း ပါရှိပြီး အသံနဲ့ ကွန်ထရိုးလုပ်မယ့် Magic control system လည်းထည့်သွင်းပေးထားပါတယ်။
ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၆၀၀၀ (၃သောင်း၆ထောင်) ဝန်းကျင်နဲ့ လန်ဒန်မှာ ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည် ရောက် လာရင် သိန်း ၃၀၀ ပေါက်ဈေးရှိမယ့် တီဗီ ဖြစ်ပါတယ်။ ၈၄ လက်မရှိ အရွယ်ကြီး တီဗီတစ်လုံး အတွက် သိန်း ၃၀၀ ရင်းနိုင်ရင်တော့ LG အီလက်ထရောနစ် ပစ္စည်းဆိုင် များမှာ မေးမြန်းစုံစမ်း မှာယူနိုင်ပါတယ်။
--
Ref: pocketlint.
Aung Kham (TSJ team) မှ
No comments:
Post a Comment