လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 31, 2012

၁၂ နှစ်သမီး ဗိုက်နာလို့ဆေးရုံသွားမှ ကိုယ်ဝန်ရှိနေမှန်းသိ



အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အပြင်းအထန် ဗိုက်နာသည့် ဝေဒနာကို ခံစားနေ ရသော ကြောင့် မိဘများက ဆေးရုံသို့သွားပြရာတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။ ထိုမိန်းကလေးငယ်ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က မုဒိမ်းအကျင့်ခံခဲ့ရကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး ဆီဇာ အားနက်စ် အယ်စီဗား (၃၉ နှစ်) ကို ဖမ်းဆီးအရေးယူထားကြောင်း ဖလော်ရီဒါ ရဲတပ်ဖွဲ့မှ ရဲအရာ ရှိက ထုတ်ဖော်ပြောကြားခဲ့သည်။ မိန်းကလေးက သူမအနေဖြင့် ဘာမျှမသိကြောင်း၊ ဗိုက်နာလာသဖြင့် ဆေးရုံသို့ သွားပြ ခဲ့ခြင်း ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ဆေးရုံမှလည်း အရေးပေါ် စစ်ဆေးသည့် အခါမှ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ကြရသည်။ မိန်းကလေး၏အမည်နှင့် မိဘအမည်များကို ဆေးရုံကထုတ်မပြောဘဲ လျှို့ဝှက် ထားသည်။
အရွယ်မရောက် သေးသူကို အဓမ္မကျင့်မှုဖြင့် ရဲက အယ်စီဗားကို ဖမ်းဆီးထားကြောင်း သိရ သည်။ အယ်စီဗားသည် ကလေးသူငယ်များကို အကြိမ်ကြိမ် အဓမ္မကျင့်မှုဖြင့် ရဲက အလိုရှိနေသူဖြစ်ပြီး၊ ဆေးရုံမှ ရဲတပ်ဖွဲ့သို့ မိန်ကလေးတွင် ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဖုန်းဆက်အကြောင်းကြားမှ လာရောက်တွေ့ဆုံ စစ်ဆေးမေးမြန်းပြီး အယ်စီဗားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြည်နယ်ဥပဒေအရ တရားခံကို ပြစ်မှုဆိုင်ရာ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း၊ ဖလော်ရီဒါ လိင်မှုဆိုင်ရာ ရာဇ၀တ်မှုကာကွယ်တားဆီးရေးရှေ့နေမှပြောကြားခဲ့သည်။

 From. international-news-maukkha

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..