လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, December 25, 2012

ဒဂုံ တ.က.သ အဖွဲ့ဝင်များ သတိပေး တားမြစ်ခံရ


ယနေ့ ၂၄.၁၂.၂၀၁၂ ၊ မနက် ၉း၁၅မိနစ်ခန့်တွင် ဒဂုံ တ.က.သ အဖွဲ့ဝင်များသည်ဒဂုံတက္ကသိုလ်
 ကျောင်းသားများသမဂ္ဂ၏ လက်ကမ်း ကြေညာ
စာရွက်များကို ကျောင်းသားများထံသို့ ဝေနေစဉ် ကျောင်းလုံခြုံရေးများက လာရောက်ခေါ်ဆောင်သွားပြီး ကျောင်းတာဝန် ရှိသူများ၏ စစ်ဆေး သတိ
ပေးခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရသည့်အခြေအနေ သုံးသပ်ချက်ကို
 မဇင်မာလွင်က "ဆရာတွေပြောတာကတော့ ကျောင်းဝင်း အတွင်းမှာ လုပ်ခွင့် မရှိဘူးတဲ့။ ဘာကြောင့်လဲဆိုတာ ကျွန်မတို့ နားမလည်နိုင်ဘူး။

 အခုကျောင်းအပြင်မှာဆို ပွဲတွေကို တရားဝင် လုပ်နေကြတယ်။ စေတနာဝသန်
ပွဲဆို သမ္မတရုံး ၀န်ကြီးတွေတောင် အသိအမှတ်ပြု အားပေးတယ်။

မီဒီယာလောကမှာဆိုလည်း ကျွန်မတို့လို ကျောင်းတွင်း အဖွဲ့အစည်းတွေရော၊
အခြားနိုင်ငံရေး အဖွဲ့အစည်းတွေရော တရားဝင်မှုရှိတယ်။ N.L.Dပါတီတို့၊ ပြည်ခိုင်ဖြိုး ပါတီတို့၊ အလုပ်သမားအဖွဲ့အစည်းတို့၊

 အခြားအဖွဲ့အစည်းတွေ အုန်းအုန်းထ တရားဝင်ဖွဲ့စည်းနေကြချိန်မှာ ဘာလို့ ကျောင်း
သားသမဂ္ဂဆိုတဲ့ ကျောင်းသားတွေရဲ့နစ်နာချက်တွေကို ဦးဆောင်ပြော
ဆိုပေးမယ့် ကျောင်းတွင်း အဖွဲ့အစည်းတစ်ခုကို ဘာလို့ ကျောင်းထဲမှာ
လက်မခံနိုင် ရတာလဲ။ အခုဆိုပြုပြင်ပြောင်းလဲရေး ကာလပါ။

ဒီကာလမှာ ပျက်စီးနေတာကို ပျက်စီးနေတယ်လို့ ပြောတဲ့သူရှိရမယ်။
မပြောင်းလဲ သေးတာကို ပြောင်းလဲလာအောင် ပြောနေတဲ့အဖွဲ့အစည်းဆိုတာ
 ရှိရမယ်။ ဒါမှ အရှိန်အဟုန်နဲ့ တိုးတက်ကောင်းမွန်လာမှာပါ။

 မြန်မာ့ ပညာရေးလောကကြီး တိုးတက် ကောင်းမွန်လာဖို့ပဲ ကျွန်မတို့ ရည်
ရွယ်တာပါ။ ဆရာတို့ အနေနဲ့လည်း နားလည်မှုရှိရှိနဲ့ ကျွန်မတို့ကို ကူညီစေ
ချင်ပါတယ်။

ကျွန်မတို့လူစုတာ သူပုန်ထဖို့အတွက် မဟုတ်ပါဘူး။ ကျွန်မတို့လူစုတာ
ကျွန်မတို့ ပညာရေးလောကရဲ့ ပျက်စီးနေ တာတွေကို အတတ်နိုင်ဆုံး
 ကူညီပြုပြင်မလို့ပါ။ ဆရာတို့ နားလည်စေချင်ပါတယ်။" ဟု ပြောပြခဲ့သည်။



 ဒဂုံ တ.က.သ အဖွဲ့ဝင်များကို ကျောင်းလုံခြုံရေးကားဖြင့် ခေါ်ယူသတိပေးခံရစဉ်

(Dagon University Students' Union)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..