လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 29, 2012

အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်


တရုတ်နိုင်ငံက အင်တာနက်အ
သုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်
တဲ့အခါမှာ သူတို့ရဲ့ နာမည်အ
ရင်းတွေကို အသုံးပြုရမယ်လို့

စည်းကမ်းသတ်မှတ်ပြီး အင်တာနက် အသုံးပြုသူတွေအပေါ် အစိုးရက ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တယ်လို့ အစိုးရ ပိုင် သတင်းဌာနက ကြေညာပါတယ်။
အမျိုးသားပြည်သူ့ကွန်ဂရက်၊

အမြဲတမ်းကော်မတီရဲ့ ငါးရက်ကြာ အစည်းအဝေး နောက်ဆုံးနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ က အဲဒီကိစ္စကို အတည်ပြုခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းဌာနက ကြေညာတာပါ။

ဒီလိုလုပ်ရတာဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ဖို့နဲ့ junk e-mail လို့ ခေါ်တဲ့ ကြော်ငြာတွေနဲ့ လိမ်ဖို့ကြိုးစားတဲ့ အီးမေးတွေလို မတော်တရော် လုပ်ရပ်တွေကို နှိမ်နင်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်တာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမဲ့လည်း နာမည်အရင်းကို အသုံးပြုရမှာကြောင့် အကျင့်ပျက်ခြစားမှုတွေနဲ့ တာဝန်ရှိသူတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှု တွေအပေါ် လူတွေအနေနဲ့ နာမည်ရင်းမဖော်ဘဲ သတင်းပို့နိုင်မယ့်အခြေအနေကို ထိခိုက်စေမှာဖြစ်ပါတယ်။


 တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် အင်တာနက်ကဖေးဆိုင်တွင် အင်တာနက်သုံးနေသူတစ်ဦးကို တွေ့ရစဉ်။ 

VOA (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..