လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, December 6, 2012

အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်၍ ယူဆချက်အမှားများ၊ အမှန်များ

ကြောင်များ မျက်လုံးဖြင့် အနမ်း ပေးကြတယ်
ကြောင်ကျွမ်းကျင်ပညာရှင်များ ကတော့ ကြောင်တွေဟာ လူတွေကို ဆက်သွယ်တဲ့အခါမှာ မျက်တောင် လေး အသာအယာခတ်ကာ ဆက်သွယ်ကြတယ်လို့ ဆိုပါတယ်။ သူတို့အချင်းချင်း မျက်တောင် အသာ အယာ ခတ်ပြခြင်းဟာ ငြိမ်းချမ်းရေးကို ပြသတဲ့အပြုအမူ ဖြစ်ပါတယ်။ လူတွေ ကို ဒီလိုမျိုး အသာအယာ မှိတ်ပြတာ ကတော့ ချစ်ခင်တွယ်တာမှုကို ပြသ တာပါပဲ ဖြစ်ပါတယ်။
သခင်တွေအနေ နဲ့ ကြောင်လေးရဲ့ ဆွဲဆောင်တဲ့ အပြု အမူကို တုံ့ပြန်တဲ့အခါ ကြောင်တွေရဲ့ ကိုယ်အမူအရာ အတိုင်း သူ့ကို ရင်းနှီးသော အကြည့် နှင့် ကြာကြာစိုက် ကြည့်ခြင်း၊ မျက်တောင် အသာအယာမှိတ်ပြခြင်း၊ နမ်းရှုံခြင်းတို့ဖြင့် တုံ့ပြန်နိုင်ပါတယ်။ မျက်တောင်ကို အသာအယာ မှိတ်တာဟာ အိမ်မွေးတိရစ္ဆာန်ကြောင်များ၊ ကြောင်ရိုင်းများ၊ တောတွင်းမှာနေတဲ့ ကျားများနှင့်တောင် အလုပ်ဖြစ်ပါ တယ်လို့ အပြုအမူဆိုင်ရာ ကျွမ်းကျင်သူများက ဆိုကြပါတယ်။
ခွေးးပေမယ့် ချစ်တတ်ပါတယ်
ခွေးထီးနဲ့ ခွေးမရဲ့ကြားမှာ သံယောဇဉ် ချစ်ခြင်းမေတ္တာဆိုတာ ဖြစ်ပေါ်လာနိုင်ပါသလား။ လမ်းမှာတွေ့ တဲ့ ခွေးတစ်ကောင်နဲ့ တစ်ကောင် ချစ်ကြိုက်သွားနိုင်ပါသလား။ ကျွမ်း ကျင်သူများက ခွေးအချင်းချင်း ချစ် ကြိုက်သွားနိုင်တယ်လို့ ဆိုကြပါတယ်။ မနုဿဗေဒပညာရှင် အယ်လီဇဘက် မာရှောလ်သောမတ်စ်ဟာ သူမရဲ ခွေးနှစ်ကောင် ချစ်ကြိုက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရေးသား ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သံယောဇဉ်ဖြစ်ပေါ်တဲ့ ခွေးအရေ အတွက် နည်းပါးပါတယ်။ ဘာလို့ လဲဆိုရင် ခွေးအများစုဟာ လူတွေ ရဲ့လက်အောက်၊ လူတွေရဲ့ ထိန်းချုပ် မှုအောက်မှာပဲ ကြီးပြင်းလာရတဲ့ အတွက် ထိုသဘာဝဟာ ဖိနှိပ်ခြင်း ခံရသလိုဖြစ်နေပါတယ်။ မွေးက တည်းက သူတို့လုပ်ချင်တဲ့အရာ တွေအားလုံးကို လုပ်ခွင့်ရမယ်၊ ကန့် သတ်မှုများကြားထဲမှာ မကြီးပြင်းရ ဘူးဆိုရင်တော့ ခွေးတစ်ကောင်နဲ့ တစ်ကောင် ချစ်ကြိုက်နိုင်ခြေ ပိုများပါတယ်။
ဆေးလိပ်ငွေ့က ကြောင်များ၊ခွေးများကို ဒုက္ခပေးနိုင်တယ်
ဆေးလိပ်ငွေ့များက ကြောင် များတွင် အသက်အန္တရာယ်ကို ထိ ခိုက်စေနိုင်သော ကင်ဆာများဖြစ်တဲ့ ပြန်ရည်ကြောအကျိတ်နှင့် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေအခွင့်အလမ်း တိုးမြင့်စေပါတယ်။ အိမ်တွင်းမှာပဲ နေထိုင်တဲ့ ကြောင်များဟာ အဆိပ် အတောက်ဖြစ်စေဖို့ အခွင့်အလမ်း နှစ်ဆရှိပါတယ်။ လေထုထဲမှာရှိတဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိခြင်း၊ ခန္ဓာကိုယ်ကို လျှာဖြင့်လျက်တဲ့အခါ အမွေးတွင် ကပ်တင်နေသော ဆေး လိပ်ငွေ့ အမှုန်အမွှားများကိုပါ လျက် မိခြင်း စသည်တို့ကြောင့် ဖြစ်ပါ တယ်။ ဆေးလိပ်သောက်သော သခင်ဖြင့် နှစ်ပေါင်းကြာရှည် နေထိုင်ရသော နှာခေါင်းတို ခွေး အမျိုးအစားများဟာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေ ပိုများပြီး နှာခေါင်း ရှည်ခွေးများကတော့ နှာခေါင်းတွင်း ကင်ဆာအကျိတ်ဖြစ်နိုင်ခြေ များပါတယ်။
ကြောင်များ ညီးခြင်းဟာ နာကျင်မှုကြောင့်ဖြစ်တယ်
ကြောင်များရဲ့ တိုးညှင်းတဲ့ မော်တာသံကဲ့သို့ အသံဟာ ဘာကို ဆိုလိုသလဲဆိုတာကို ယခုထက်ထိ တိတိကျကျ မသိရှိရသေးပါဘူး။ ဒီလိုအသံထွက်ခြင်းဟာ နာကျင်ခြင်းကြောင့် ဖြစ်နိုင်သလို အသက် ဆုံးရှုံးခါနီးအချိန် ညီးညူသည့်အသံ မျိုးလည်း ဖြစ်နိုင်ပါတယ်။ သာမန် အချိန်များမှာတော့ မိမိကိုယ်ကို နှစ်သိမ့်တဲ့ အမူအရာ တစ်ခုဖြစ်တာကို တွေ့ရပါတယ်။ မွေးကင်းစ ကြောင် ပေါက်စလေးတွေ နို့စိုတဲ့အခါ ထို အသံမျိုး ထွက်တာကိုလည်း တွေ့ ရပါတယ်။ မိခင်ကြောင်မကြီးက လည်း ထိုအသံမျိုးပြန်ပေးပြီး ဆက် သွယ်တာကို လေ့လာသူများက သတိပြုမိခဲ့ကြပါတယ်။

ဇင်မာမြင့်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..