ဗြိတိန် လေယာဉ် ထုတ်လုပ်မှု ကျွမ်းကျင် သူများက ယခုအခါ လန်ဒန် မြို့မှ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့သို့ လေးနာရီကျော် ကြာသော မောင်းနှင်ရာက် ရှိ နိုင်သည့် တစ်နာရီ မိုင် ၄၀၀၀ နှုန်း ပျံသန်း နိုင်သည့် မျိုးဆက်သစ် ဂျက်လေယာဉ် တစ်မျိုးကို ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ဖော် ပြောကြား လိုက်သည်။
ထိုလေယာဉ်မှာ ဆန်းသစ်ပြီး သမာရိုးကျ ဒီဇိုင်းများနှင့် မတူ တစ်မူ ထူးခြားသည့် လေယာဉ်မျိုး ဖြစ်ကာ ထိုလေယာဉ် တီထွင် နိုင်မှုမှာ အသေအချာ ပင် ဖြစ်ကြောင်း ဥရောပ အာကာသ အေဂျင်စီမှ အတည် ပြုခဲ့ပြီး ၄င်းသည် ထပ်မံ၍ အနည်းငယ် မွမ်းမံရုံနှင့် အာကာသထဲထိ ဂြိုဟ်တုများကို သယ်ဆောင် သွားနိုင်မည် ဖြစ်ပြီး ၄င်းမှာ အာကာသထဲရှိ လေထုနှင့် အရှိန်၏ ပွတ်တိုက် အားကို ခံနိုင်ရည်ရှိဟု သိရသည်။

No comments:
Post a Comment