နော်ဝေနိုင်ငံ အေရမ်ဒယ်လ်မြို့တွင် အသက်ကယ်လှေ တစ်စင်းအား အမြင့် ၂ဝ၁ ပေမှ ရေထဲသို့ ပစ်ချ စမ်းသပ်ခဲ့ရာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိသည့် အတွက် အဆိုပါ လှေအား အကြမ်းခံနိုင်ဆုံး အသက်ကယ်လှေ အဖြစ် ဂင်းနစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းအသက်ကယ် လှေအား ကွန်တိန်နာ သင်္ဘော၏ ကိုယ်ထည်နှင့် ရေနံတူးစင်များ တည်ဆောက် သကဲ့သို့ ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပြီး လိုအပ်ပါက အရေးပေါ် အခြေအနေတွင် အလုပ်သမားများ က ၎င်းအသက် ကယ်လှေအား ရေထဲသို့ ဘေးကင်းလုံ ခြုံစွာ ပစ်ချနိုင်ကြောင်း သိရသည်။
အဆိုပါ အသက်ကယ်လှေအမည်မှာ GES 50 MK III ဖြစ်ပြီး အမြင့် ၁၅၄ ပေမှ ရေထဲသို့ ပစ်ချနိုင်ရန် ထုတ်လုပ်ထား သော်လည်း သတ်မှတ် အမြင့် ထက် ပိုမိုမြင့်မားသည့် အမြင့်ပေမှ ကရိန်းဖြင့် ဆွဲတင်ပြီး စမ်းသပ်ပစ်ချ ကြည့်ရာ ဘေးကင်းလုံခြုံစိတ်ချရမှု အပြည့်အဝရရှိပြီး အောင်မြင်ခဲ့သည့် အတွက် ကမ္ဘာတစ်ဝန်းတွင် ဘေးကင်း စွာ အသုံးပြုနိုင်ပြီဖြစ်သည်။
၎င်းအသက်ကယ် လှေသည် ရေထဲသို့ ၉ဝ ဒီဂရီတည့်တည့် ထိုးဆင်းနိုင်ပြီး တည့်တည့်မတ်မတ် ရှိနေရန်ပြုလုပ် ထားကာ စီးနင်းသူများ ဘေးကင်းမှုရှိ စေရန် ခါးပတ်တပ်ဆင်ထားကြောင်း သိရသည်။
အရေးပေါ်အခြေအနေဖြစ်ပါက လူများသည် တစ်မိနစ်ခွဲ အချိန်အတွင်း အဆိုပါ လှေပေါ်သို့ တက်နိုင်သည့်အပြင် ၎င်းလှေအတွင်း၌ လူ ၇ဝ ဦးဝင် ရောက်နေနိုင်ကြောင်း သိရသည်။

No comments:
Post a Comment