လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 24, 2012

တရုတ်နိုင်ငံသို့ ကျားအကောင် ၁ဝဝ တင်ပို့မှုဖြင့် ထိုင်း ဒုတိယ ဝန်ကြီးချုပ်အား တရားစွဲဆို

 

နိုင်ငံတကာ ဥပဒေအရ အကာအကွယ် ပေးထားသည့် ရှားပါး တိရစ္ဆာန် မျိုးစိတ် တစ်ခုဖြစ်သော ကျားအ ကောင် ၁ဝဝ အား တရုတ် နိုင်ငံသို့ တင်ပို့မှုနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်အား ဒီဇင် ဘာ ၁၉ ရက်က တရားစွဲဆို ခဲ့ကြောင်း ထိုင်း ရှေ့နေချုပ် ရုံးမှ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြား ခဲ့သည်ဟု သိရသည်။


ဒုတိယ ဝန်ကြီးချုပ် ပလော့ထ် ပရာဆော့ပ် ဆူရာစ ဝါဒီသည် ဗန်ကောက်မြို့ အနီးရှိ ခရီးသွား ဧည့်သည်များ ကို ဆွဲဆောင် နိုင်သော Sriracha Tiger တိရစ္ဆာန်ရုံမှ ကျားများကို ၂ဝဝ၂ ခုနှစ်တွင် တရုတ် နိုင်ငံရှိ မွေးမြူ ရေးခြံ တစ်ခုသို့ တင်ပို့မှုကို ထောက်ခံခဲ့သည်။ ထိုအချိန်က ၎င်းသည် သစ်တောတွင် ဌာနအကြီးအကဲ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။


၎င်းအား အာဏာ အလွဲသုံးစား လုပ်မှု၊ တာဝန် ပျက်ကွက်မှုနှင့် အကျင့်ပျက် ခြစားမှုတို့ အပါအဝင် ထိုင်း တရားဥပဒေ အရ အကျုံးဝင်သည့် စွဲချက် များဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ပလော့ထ်ပရာ ဆော့ပ်သည် နိုဝင်ဘာလတွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်ပြီး ၎င်းက ပြည်ပ နိုင်ငံသို့ ကျားတင်ပို့မှုနှင့် ပတ်သက်ပြီး မိမိ ဝတ္တရားအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောကြား ထားသော်လည်း အခြား စွပ်စွဲချက်များအား ငြင်းပယ်ခဲ့သည်။

နိုင်ငံတကာ ဥပဒေအရ ကျားများနှင့် ကျားနှင့် ပတ်သက်သည့် အစိတ် အပိုင်းများ အားလုံး ကုန်သွယ်မှုကို ပိတ်ပင်ထားပြီး ခြွင်းချက် အနေဖြင့် သိပ္ပံဆိုင်ရာ လေ့လာမှုများ အတွက်သာ တင်ပို့ခွင့် ပြုကြောင်း သိရ သည်။

ထိုင်း နိုင်ငံသည် ကျားအကောင်ရေ အများဆုံး ရှိသည့် နိုင်ငံ ၁၃ နိုင်ငံ အနက်မှ တစ်နိုင်ငံ ဖြစ်ပြီး ကျား အကောင်ရေ ၃ဝဝ ထက်မနည်း ရှိကြောင်း၊ သို့သော် ကျား တရားမဝင် တင်ပို့မှုများ ရှိနေသည့် ဗဟိုချက် နိုင်ငံ ဖြစ်ကြောင်း သိရသည်။
by- .myawady

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..