လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, December 13, 2012

''ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင် ''


ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့် ထောက်
လှမ်း၍မရနိုင်သော ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်းသိရသည်။ အဆိုပါဝတ်ရုံသည်
ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများကဆိုသည်။



ကိုယ်ပျောက်ဝတ်ရုံသည် ပေါ့ပါး၍ ကင်မရာ၊ ဘက်ထရီ၊ အလင်းပေးမှုများ မလိုအပ်ပဲ အသုံးပြုနိုင်သည်ဟု သိရသည်။ ယင်းဝတ်ရုံကို နေ့ဘက်တွင် မမြင်နိုင်သကဲ့သို့ ရေဒါဖြင့်ထောက်လှမ်း၍လည်းမရနိုင်ကြောင်း Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ကရာမာက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဝတ်ရုံ၏ အသုံးဝင်ပုံကိုသာ ကြေညာမည်ဖြစ်ပြီး ဝတ်ရုံ၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ဟု ကုမ္ပဏီပိုင် website တွင် ရေးသားထားသည်။

Planet News




No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..