ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံး သမားများစာရင်း၏ ထိပ်ဆုံးနေရာတွင် တိုက်စစ်မှူး လီယိုနယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့က ဦးဆောင် နေရာယူလျက်ရှိကြောင်း သိရသည်။
မက်ဆီသည် ယခုအချိန်ထိ ဘာကာအတွက် တန်ဖို
းမဖြတ်နိုင်သော
စံချိန်တင် ဂိုးသွင်းစက်ဖြစ်သလို ၎င်းအား ဝယ်ယူမည့် အသင်းများအတွက်လည်း
မက်လောက်သော ငွေကြေးမျိုးကို ပြန်လည်ဖန်တီးပေးမည့်သူဖြစ် သည်မှာ
သံသယဖြစ်ဖွယ်မရှိပေ။
မက်ဆီ၏ တန်ကြေးမှာ ယူရိုသန်း ၁၄ဝ ရှိပြီး ခရစ္စတီယာနိုရော်နယ်ဒိုထက် ယူရို ၅၅ သန်းခန့် ပိုမိုမြင့်မားသည်။
ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး ကစားသမားများ၏ တန်ဖိုးနှုန်းထား အမှန်များ သည် လူအများအတွက် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ Ballon D'or ဆု အတွက် ရှေ့ဆုံးမှ တစ်ပြေးနေသော ထိပ်တန်းကစား သမားများဖြစ်ကြသည့် မက်ဆီ၊ ရော်နယ်ဒိုနှင့် အင်ဒရီအင်နီယေစတာတို့သည် ကြေးအမြင့်ဆုံးနေ ရာတွင် ရောက် ရှိနေခြင်းမှာ တကယ်တမ်းတွင် အံ့သြဖွယ်မရှိပေ။
ရော်နယ်ဒို၏ လက်ရှိဈေးနှုန်းမှာ ယူရို ၉၆ ဒသမ ၆ သန်းရှိပြီး အင်နီယေ စတာမှာမူ ယူရို ၆၈ ဒသမ ၄ သန်းခန့်ရှိသည်။ မန်ယူအသင်း မှ ဝိန်းရွန်းနီ သည် ကြေးအမြင့်ဆုံးကစားသမားစာရင်းတွင် နံပါတ်လေးနေရာကို ရယူ ထားပြီး ၎င်း၏ တန်ဖိုးကို ယူရိုသန်း ၆ဝ ကျော် သတ်မှတ်ထားသည်။
အဆိုပါစာရင်း၏ နံပါတ်ငါး နေရာတွင်မူ အသလက်တီကို မက်ဒရစ်အသင်းမှ ဖယ်လ်ကာအိုက ရယူထားပြီး ၎င်း၏ တန်ဖိုးနှုန်းထားမှာ ယူရို ၅၆ ဒသမ ၁ သန်းဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment