လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 17, 2012

ထိုင်းငါးဖမ်းလှေများပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို မူးယစ်ဆေးဝါးကျွေး၍ အဓမ္မ ခိုင်းစေခြင်းရှိနေ


ထိုင်းငါးဖမ်းလှေများပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကိုမူးယစ်ဆေးဝါးများ ကျွေး၍ အဓမ္မ
ခိုင်းစေခြင်းများရှိနေကြောင်း နိုင်ငံ ဖတ်ကျော် လူကုန်ကူးမှု တားဆီး
တိုက်ဖျက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးရာလျန်မုန်းက ပြောသည်။
ထိုင်းငါးဖမ်းလှေများပေါ်တွင် အဓမ္မ လုပ်အားခိုင်းစေခြင်းခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် တရားမဝင်နည်းဖြင့် သွားရောက်ခဲ့ သည့် အလုပ်သမားများဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမား ၇ဝ ရာခိုင်နှုန်း ကျော်သည် ထိုင်းငါးဖမ်းလှေများ ပေါ်တွင် ဝင်ရောက်လုပ်ကိုင်လျက် ရှိကြောင်းနှင့် ထိုင်းနိုင်ငံရှိ စမုစခွန် ပြည်နယ်ရှိ ငါး၊ ပုဇွန်စက်ရုံများတွင် မြန်မာအမျိုးသမီးလုပ်သားများစွာရှိ နေကြောင်း သိရသည်။


''ထိုင်း ငါးဖမ်းလှေတွေပေါ် မှာ မြန်မာအလုပ်သမား သိန်းချီပြီး ရှိတယ်။ စိတ်ကြွဆေးတွေ ကျွေးပြီး တစ်နေ့ကို နာရီ ၂ဝ အထိ အဓမ္မ ခိုင်းစေခြင်း ခံရတယ်။ တချို့အလုပ် မလုပ်နိုင်တော့ရင် ငါးစာကျွေးတဲ့ အနေနဲ့ ပင်လယ်ထဲကိုပစ်ချတာမျိုး တွေရှိတော့ မြန်မာအလုပ်သမားတွေ ပင်လယ်ထဲမှာ အသက်ဆုံးရှုံးကြရ တယ်'' ဟု ဦးရာလျန်မုန်းက ပြောသည်။

ထိုင်း ငါးဖမ်းလှေများပေါ်တွင် နှစ်ကာလရှည်စွာ ခိုင်းစေခြင်းနှင့် လုပ်အားခမရခြင်းကြောင့် ကမ်းစပ် သို့ ကူးခတ်ထွက်ပြေးလာသူများ ရှိနေကြောင်း၊ တချို့မှာ ပင်လယ်ထဲ တွင် ရေမကူးတတ်သဖြင့် ရေနစ် သေဆုံးရကြောင်း သိရသည်။

''တချို့ ထွက်ပြေးလွတ် မြောက်လာတဲ့ မြန်မာအလုပ်သမားတွေ ဆီကသတင်းရပြီး လှေပေါ်မှာ ပိတ် မိပြီး ကျန်နေတဲ့သူတွေကို နှစ်နိုင်ငံ ညှိနှိုင်းကယ်ခဲ့ရတယ်''ဟု နိုင်ငံဖြတ် ကျော်လူကုန်ကူးမှု တားဆီးရေးအ ဖွဲ့၏ ဒုတိယရဲမှူးကြီးက ပြောသည်။

ထိုင်းအစိုးရ၏ ဖမ်းဆီးပြည်နှင် မှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းကျော် ထိုင်းနယ်စပ်တွင် ရောက်ရှိနေကြောင်း၊ ထိုင်းနိုင်ငံအ တွင်းကျန်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။


Messenger News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..