လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 17, 2012

ကလေဗာလေ ခြေစွမ်းအပေါ် ကျေနပ်မိသည့် ဆာအဲလက်စ်


ဆန်းဒါးလန်းအား နိုင်ပွဲ အပြီးတွင် ဆာအဲလက်စ် ဖာဂူဆန်က အသင်း၏ အလယ်တန်းအား ပြစ်တင်ဝေဖန် မှုများကို တုန့်ပြန် ပြောဆို ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရ်ာဘင်ဗန်ပါစီ၊ ကလေဗာလေနှင့် ရွန်နီတို့၏ သွင်းဂိုးများဖြင့် အိုးထရဒ်ဖိုဒ့်တွင် ပြိုင်ဘက် ဆန်းဒါးလန်း အသင်းကို အနိုင် ယူခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်တွင် ယူနိုက်တက်၏ ကွင်းလယ်သည် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဆာအဲလက်စ်က“ကျွန်တော်တို့ရဲ့ အလယ် တန်းဟာ အားနည်းနေတယ်လို့ လူတွေက အမြဲပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူတွေဟာ တ ကယ့် လူတော်တွေပါ။
တစ်ခါတစ်လေ ဆိုရင် ကျွန်တော့်မှာ ကွင်းလယ် အတွဲကို ရွေးဖို့ အခက်တောင် ကြုံရသေး တယ်။ ဒီနေ့မှာ ကစားခဲ့တဲ့ ကား ရစ်နဲ့ ကလေဗာလေကေ တာ့ ပြီးခဲ့တဲ့ ပွဲက စွမ်းဆောင် ခဲ့မှုကြောင့် ကစားဖို့ ထိုက်တန်ပါတယ်။”
ကလေဗာလေဟာ ပေါလ်စခိုးနေရာ အတွက် အသင့်တော်ဆုံး ကစားသမား တစ်ဦးဖြစ်ပြီး ဆာအဲလက်စ်က သူရဲ့ ဂိုးသွင်းနှုန်းဟာ ယခင်ထက် တက်လာပြီ ဆိုတာကို ၀န်ခံခဲ့ပါတယ်။ တွမ်ဟာ ဂိုးတွေ ရယူနိုင်နေပါပြီ။ သူငယ်စဉ် တုန်းကဆိုရင် ဂိုးအများအပြား သွင်းယူ ခဲ့ဖူးပါတယ်။ ဒီရာသီမှာ စုစုပေါင်း သုံးဂိုး သွင်းယူခဲ့ ပြီးပါပြီ။ သူဂိုးတွေ သွင်းယူတိုင်း ကျွန်တော်ေ ကျနပ် အားရ မိပါတယ်။ ဘာလို့ လည်းဆိုတော့ သူဟာ အလှပဆုံး အဆုံးသတ်သမား တစ်ဦးမို့ပါ။      
 မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..