လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, December 7, 2012

ယခုနှစ်ဆောင်း အအေးပေါ့မည်

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ တွင် ဒီဇင်ဘာလ အတွင်း ဆောင်း၏ အငွေ့ အသက်များ ခံစားရမည် မဟုတ်ဘဲ မိုးသည်းထန်စွာ ရွာ သွန်းမှုများနှင့် ကြုံကြိုက်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးချစ်ကျော်က ပြောသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ ဖြစ်သည့် ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး တို့တွင် ဒီဇင်ဘာလ၏ သုံးပုံ တစ်ပုံခန့်မှာ မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ဦးချစ်ကျော်ကပင်ပြောသည်။

“ဒီ မိုးက အဖျက်မိုးပဲ တောင်သူ လယ် သမားတွေ သိအောင် ကျွန်တော် တို့က အချိန်နဲ့အမျှ ထုတ်ပြန်ပေး နေတယ်။ ဒါပေမဲ့ သူတို့ဘက်က တုံ့ပြန် လိုက်နာမှု အားနည်းတဲ့ အတွက် အပျက်အစီး အလေအလွင့် တွေ ရှိသွားတယ်”ဟု ၄င်းကပင် ပြောသည်။
ယခုနှစ်ဆောင်းကာလ၏အ ချိန်အခါမဟုတ် ရွာသွန်းသော မိုး ကြောင့် မြန်မာပြည်အောက်ပိုင်း ရှိ စိုက်ပျိုးထားသည့် ပဲနှင့် အ ခြောက်လှမ်းထားသည့် ကောက် လှိုင်းအချို့ မိုးမိကာ ပျက်စီးလေ လွင့်မှုအချို့ရှိခဲ့ကြောင်း ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်မှ လယ်သ မားကြီးတစ်ဦးကပြောသည်။
“မိုး က အရမ်းရွာမယ်မှန်း မထင်ဘူး။ ပဲခင်းတွေ ရေဝင်ကုန်တယ်။ ပြန် စိုက်ဖို့တော့ မီနိုင်သေးတယ်”ဟု အဆိုပါ လယ်သမားကပြောသည်။ ထို့အတူ ဆောင်းရာသီ၏ ဒု တိယလဖြစ်သောဒီဇင်ဘာလတွင် တောင်ပေါ်ဒေသအချို့နှင့် စစ် ကိုင်းတိုင်းဒေသကြီး၌သာ အ အေးဒဏ်ကိုသိသာစွာ ခံစားနိုင်ရ မည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်း အချို့တွင်ဆောင်းရာသီ၏အအေး ဒဏ်ကိုခံစားရမည်မဟုတ်ကြောင်း မြို့ကြီးအချို့မှာမူ မိုးရွာသွန်းရက် ၉ ရက်မှ ၁၀ ရက်အထိ ရွာသွန်းနိုင် ကြောင်း နေပြည်တော် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ခန့်မှန်းထားသည်။
မိုးညို

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..