ယခုရာသီ ရှုံးပွဲ မရှိသေးသော်လည်း မြို့ခံပြိုင်ဘက်ကိုမူ (၃-၂)ဖြင့် အရေးနိမ့်ခဲ့ရပြီးနောက် အမှတ်ပေးဇယားတွင် (၆)မှတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ မန်ယူအသင်း တောင်ပံလူ အက်ရှ်လေယန်းက "ဒင်္ဂါးနဲ့ လှမ်းပစ်လိုက်တာ ကံမကောင်းရင် ဖာဒီနန် မျက်လုံးပါ ကျွတ်သွားနိုင်တယ်။ သူ့မျက်ခုံးက ကွဲသွားတဲ့ ဒဏ်ရာကို ကြည့်ပါ။ မန်စီးတီး ပရိသတ်တွေဟာ ဝိန်းရွန်နီ ထောင့်ကန်ဘော ကန်မလို့ ပြင်နေကတည်းက ကွင်းထဲကို ပစ္စည်းမျိုးစုံနဲ့ ပစ်ပေါက်နေကြတာပါ။ ကွင်းထဲကို ဝင်လာတဲ့ ပရိသတ်ဆိုရင် ဖာဒီနန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ မြင်သာပါတယ်။ ဘောလုံးကွင်းထဲမှာ ဒါမျိုးတွေ မြင်ရ တွေ့ရတာ စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်"ဟု MUTVသို့ ပြောကြားခဲ့သည်။ ဖာဒီနန် ကိုယ်တိုင်ကမူ ဒဏ်ရာရသွားချိန်တွင် ဒေါသထွက်နေဟန် ရှိသော်လည်း ပွဲအပြီးတွင်မူ Twitter၌ ရွှင်ရွှင်မြူးမြူးသာ မှတ်ချက်ပြု ရေးသားခဲ့သည်။ ၎င်းက "(၃)မှတ်ရခဲ့ပါတယ်။ ဘယ်လောက် ချိုမြိန်လိုက်သလဲ။ 2pတန် ကြေးနီဒင်္ဂါးနဲ့ ပစ်တဲ့လူကတော့ တကယ့်စံပါပဲ။ ဘယ်လောက်ကောင်းတဲ့ ပစ်ချက်လဲ။ တကယ်က တစ်ပေါင်တန် ဒင်္ဂါးလောက် ဖြစ်သင့်တာ"ဟု ရွှတ်နောက်နောက် ဆိုသည်။ ဖာဒီနန်က ပြိုင်ဘက် ဂိုးသမား ဟတ်နှင့် ပတ်သက်ပြီးမူ "ဟတ်ကို လေးစားမိပါတယ်။ သူက ကွင်းထဲပြေးဝင်လာတဲ့ ငကြောင်ကို ကာကွယ်ထားလိုက်တယ်။ ပရိသတ်တွေကြားက အခြေအတင် စကားတွေက ချစ်စရာပါ။ ဒါပေမဲ့ အရမ်းခံစားလို့ မရပါဘူး။ စိတ်အေးအေး ထားသင့်ပါတယ်"ဟုလည်း ဖာဒီနန်က ဆိုသည်။ ဒင်္ဂါးနဲ့ လှမ်းပစ်လိုက်တာ ကံမကောင်းရင် ဖာဒီနန် မျက်လုံးပါ ကျွတ်သွားနိုင်တယ်။ သူ့မျက်ခုံးက ကွဲသွားတဲ့ ဒဏ်ရာကို ကြည့်ပါ... မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က "ကွင်းထဲကို မန်စီးတီး ပရိသတ် ပြေးဝင်ခွင့် ရသွားတာကတော့ ကံမကောင်းပါဘူး။ ပြီးတော့ အကြွေစေ့တွေနဲ့ ပစ်ပေါက်တာမျိုးတွေ ဆိုပါတော့။ ချယ်လ်ဆီးနဲ့ ပွဲတုန်းကလည်း ဒါမျိုး ကြုံခဲ့ရတယ်။ ကျွန်တော့် ဘဝမှာ ဒီနေ့လို အမှတ်ရစရာမျိုး များများစားစား မကြုံဖူးပါဘူး။ မန်စီးတီးဟာ (၂)နှစ်လောက် အိမ်ကွင်းမှာ ရှုံးပွဲမရှိခဲ့တဲ့ အသင်းပါ။ ခုတော့ ကျွန်တော်တို့က အနိုင်ရပြီး အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ပါပြီ။ သိပ်ကောင်းတဲ့ ခံစားချက်မျိုးပါပဲ"ဟု ပြောကြားသွားခဲ့သည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Monday, December 10, 2012
ဖာဒီနန် ဒင်္ဂါးစေ့ဖြင့် ပစ်ပေါက်ခံရခြင်းကို မန်ယူ အသင်းသားများ ဝေဖန်
မန်ချက်စတာ ဒါဘီ ပွဲစဉ်တွင် ဒင်္ဂါးစေ့ဖြင့် ပစ်ပေါက် ခံရခြင်း အတွက် ရီယိုဖာဒီနန် မျက်ခုံး ကွဲသွားခြင်းနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားများက ဝေဖန် ပြောဆိုခဲ့ကြသည်။
မန်ယူအသင်း နောက်ခံလူ ဖာဒီနန်သည် ရော်ဘင်ဗန်ပါစီ၏ နောက်ကျ အနိုင်ဂိုးအတွက် အောင်ပွဲခံစဉ် မျက်နှာကို ဒင်္ဂါးစေ့ ထိမှန်ခဲ့ခြင်းဖြစ်ပြီး သွေးဖြိုင်ဖြိုင်ကျသွားခဲ့သည်။ ထို့အပြင် မန်စီးတီး ပရိသတ် တစ်ဦးသည် ကွင်းထဲထိ ဝင်လာကာ ဖာဒီနန်ကို ရန်ပြုရန် ကြိုးစားခဲ့သေးရာ မန်စီးတီးဂိုးသမား ဂျိုးဟတ်က တားဆီးခဲ့ရသည်။ မန်စီးတီးသည် ပရီးမီးယားလိဂ်တွင်
ယခုရာသီ ရှုံးပွဲ မရှိသေးသော်လည်း မြို့ခံပြိုင်ဘက်ကိုမူ (၃-၂)ဖြင့် အရေးနိမ့်ခဲ့ရပြီးနောက် အမှတ်ပေးဇယားတွင် (၆)မှတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ မန်ယူအသင်း တောင်ပံလူ အက်ရှ်လေယန်းက "ဒင်္ဂါးနဲ့ လှမ်းပစ်လိုက်တာ ကံမကောင်းရင် ဖာဒီနန် မျက်လုံးပါ ကျွတ်သွားနိုင်တယ်။ သူ့မျက်ခုံးက ကွဲသွားတဲ့ ဒဏ်ရာကို ကြည့်ပါ။ မန်စီးတီး ပရိသတ်တွေဟာ ဝိန်းရွန်နီ ထောင့်ကန်ဘော ကန်မလို့ ပြင်နေကတည်းက ကွင်းထဲကို ပစ္စည်းမျိုးစုံနဲ့ ပစ်ပေါက်နေကြတာပါ။ ကွင်းထဲကို ဝင်လာတဲ့ ပရိသတ်ဆိုရင် ဖာဒီနန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ မြင်သာပါတယ်။ ဘောလုံးကွင်းထဲမှာ ဒါမျိုးတွေ မြင်ရ တွေ့ရတာ စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်"ဟု MUTVသို့ ပြောကြားခဲ့သည်။ ဖာဒီနန် ကိုယ်တိုင်ကမူ ဒဏ်ရာရသွားချိန်တွင် ဒေါသထွက်နေဟန် ရှိသော်လည်း ပွဲအပြီးတွင်မူ Twitter၌ ရွှင်ရွှင်မြူးမြူးသာ မှတ်ချက်ပြု ရေးသားခဲ့သည်။ ၎င်းက "(၃)မှတ်ရခဲ့ပါတယ်။ ဘယ်လောက် ချိုမြိန်လိုက်သလဲ။ 2pတန် ကြေးနီဒင်္ဂါးနဲ့ ပစ်တဲ့လူကတော့ တကယ့်စံပါပဲ။ ဘယ်လောက်ကောင်းတဲ့ ပစ်ချက်လဲ။ တကယ်က တစ်ပေါင်တန် ဒင်္ဂါးလောက် ဖြစ်သင့်တာ"ဟု ရွှတ်နောက်နောက် ဆိုသည်။ ဖာဒီနန်က ပြိုင်ဘက် ဂိုးသမား ဟတ်နှင့် ပတ်သက်ပြီးမူ "ဟတ်ကို လေးစားမိပါတယ်။ သူက ကွင်းထဲပြေးဝင်လာတဲ့ ငကြောင်ကို ကာကွယ်ထားလိုက်တယ်။ ပရိသတ်တွေကြားက အခြေအတင် စကားတွေက ချစ်စရာပါ။ ဒါပေမဲ့ အရမ်းခံစားလို့ မရပါဘူး။ စိတ်အေးအေး ထားသင့်ပါတယ်"ဟုလည်း ဖာဒီနန်က ဆိုသည်။ ဒင်္ဂါးနဲ့ လှမ်းပစ်လိုက်တာ ကံမကောင်းရင် ဖာဒီနန် မျက်လုံးပါ ကျွတ်သွားနိုင်တယ်။ သူ့မျက်ခုံးက ကွဲသွားတဲ့ ဒဏ်ရာကို ကြည့်ပါ... မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က "ကွင်းထဲကို မန်စီးတီး ပရိသတ် ပြေးဝင်ခွင့် ရသွားတာကတော့ ကံမကောင်းပါဘူး။ ပြီးတော့ အကြွေစေ့တွေနဲ့ ပစ်ပေါက်တာမျိုးတွေ ဆိုပါတော့။ ချယ်လ်ဆီးနဲ့ ပွဲတုန်းကလည်း ဒါမျိုး ကြုံခဲ့ရတယ်။ ကျွန်တော့် ဘဝမှာ ဒီနေ့လို အမှတ်ရစရာမျိုး များများစားစား မကြုံဖူးပါဘူး။ မန်စီးတီးဟာ (၂)နှစ်လောက် အိမ်ကွင်းမှာ ရှုံးပွဲမရှိခဲ့တဲ့ အသင်းပါ။ ခုတော့ ကျွန်တော်တို့က အနိုင်ရပြီး အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ပါပြီ။ သိပ်ကောင်းတဲ့ ခံစားချက်မျိုးပါပဲ"ဟု ပြောကြားသွားခဲ့သည်။
ယခုရာသီ ရှုံးပွဲ မရှိသေးသော်လည်း မြို့ခံပြိုင်ဘက်ကိုမူ (၃-၂)ဖြင့် အရေးနိမ့်ခဲ့ရပြီးနောက် အမှတ်ပေးဇယားတွင် (၆)မှတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ မန်ယူအသင်း တောင်ပံလူ အက်ရှ်လေယန်းက "ဒင်္ဂါးနဲ့ လှမ်းပစ်လိုက်တာ ကံမကောင်းရင် ဖာဒီနန် မျက်လုံးပါ ကျွတ်သွားနိုင်တယ်။ သူ့မျက်ခုံးက ကွဲသွားတဲ့ ဒဏ်ရာကို ကြည့်ပါ။ မန်စီးတီး ပရိသတ်တွေဟာ ဝိန်းရွန်နီ ထောင့်ကန်ဘော ကန်မလို့ ပြင်နေကတည်းက ကွင်းထဲကို ပစ္စည်းမျိုးစုံနဲ့ ပစ်ပေါက်နေကြတာပါ။ ကွင်းထဲကို ဝင်လာတဲ့ ပရိသတ်ဆိုရင် ဖာဒီနန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ မြင်သာပါတယ်။ ဘောလုံးကွင်းထဲမှာ ဒါမျိုးတွေ မြင်ရ တွေ့ရတာ စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်"ဟု MUTVသို့ ပြောကြားခဲ့သည်။ ဖာဒီနန် ကိုယ်တိုင်ကမူ ဒဏ်ရာရသွားချိန်တွင် ဒေါသထွက်နေဟန် ရှိသော်လည်း ပွဲအပြီးတွင်မူ Twitter၌ ရွှင်ရွှင်မြူးမြူးသာ မှတ်ချက်ပြု ရေးသားခဲ့သည်။ ၎င်းက "(၃)မှတ်ရခဲ့ပါတယ်။ ဘယ်လောက် ချိုမြိန်လိုက်သလဲ။ 2pတန် ကြေးနီဒင်္ဂါးနဲ့ ပစ်တဲ့လူကတော့ တကယ့်စံပါပဲ။ ဘယ်လောက်ကောင်းတဲ့ ပစ်ချက်လဲ။ တကယ်က တစ်ပေါင်တန် ဒင်္ဂါးလောက် ဖြစ်သင့်တာ"ဟု ရွှတ်နောက်နောက် ဆိုသည်။ ဖာဒီနန်က ပြိုင်ဘက် ဂိုးသမား ဟတ်နှင့် ပတ်သက်ပြီးမူ "ဟတ်ကို လေးစားမိပါတယ်။ သူက ကွင်းထဲပြေးဝင်လာတဲ့ ငကြောင်ကို ကာကွယ်ထားလိုက်တယ်။ ပရိသတ်တွေကြားက အခြေအတင် စကားတွေက ချစ်စရာပါ။ ဒါပေမဲ့ အရမ်းခံစားလို့ မရပါဘူး။ စိတ်အေးအေး ထားသင့်ပါတယ်"ဟုလည်း ဖာဒီနန်က ဆိုသည်။ ဒင်္ဂါးနဲ့ လှမ်းပစ်လိုက်တာ ကံမကောင်းရင် ဖာဒီနန် မျက်လုံးပါ ကျွတ်သွားနိုင်တယ်။ သူ့မျက်ခုံးက ကွဲသွားတဲ့ ဒဏ်ရာကို ကြည့်ပါ... မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က "ကွင်းထဲကို မန်စီးတီး ပရိသတ် ပြေးဝင်ခွင့် ရသွားတာကတော့ ကံမကောင်းပါဘူး။ ပြီးတော့ အကြွေစေ့တွေနဲ့ ပစ်ပေါက်တာမျိုးတွေ ဆိုပါတော့။ ချယ်လ်ဆီးနဲ့ ပွဲတုန်းကလည်း ဒါမျိုး ကြုံခဲ့ရတယ်။ ကျွန်တော့် ဘဝမှာ ဒီနေ့လို အမှတ်ရစရာမျိုး များများစားစား မကြုံဖူးပါဘူး။ မန်စီးတီးဟာ (၂)နှစ်လောက် အိမ်ကွင်းမှာ ရှုံးပွဲမရှိခဲ့တဲ့ အသင်းပါ။ ခုတော့ ကျွန်တော်တို့က အနိုင်ရပြီး အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ပါပြီ။ သိပ်ကောင်းတဲ့ ခံစားချက်မျိုးပါပဲ"ဟု ပြောကြားသွားခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment