လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 24, 2012

ဒေါ်လာအတု၎ သိန်းခွဲသယ်ဆောင်လာသည် ဟုဆိုသောမြန်မာတဦး မဲဆောက်တွင် ဖမ်းမိ


ကိုမောင်ဦးလှိုင် ဆိုသူကို  ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေါ်လာအတု
 ၄ သိန်းခွဲ၊ လိုင်စင်မဲ့ကားတစီး၊ ကားနံပါတ်များနှင့်အတူ ဖမ်းဆီးရမိသည်ဟု
ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
မဲဆောက်မြို့ ကမ်းနားပိုင်း ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားများရောင်းချသည့် ဂိတ်တွင် ကိုမောင်ဦးလှိုင်သည် စနေနေ့က ကားဝင်းလုံခြုံရေးဝန်ထမ်းများနှင့် အချင်းများခဲ့ကြောင်း၊
ထိုင်းနယ်ခြားစောင့်ရဲတို့ သွားရောက် စစ်ဆေးရာမှ တရားမ၀င်ပစ္စည်းများ တွေ့ရှိပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တနေ့တွင် ထိုကားကို အသေးစိတ် ရှာဖွေစစ်ဆေးရာ ဒေါ်လာအတုများ စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်းမှ ရဲမှူးကြီးတဦးက ဒေသခံသတင်းထောက်များကို ပြောကြားသည်။

ကိုမောင်ဦးလှိုင်နှင့်အတူ လိုက်ပါလာသည့် ထိုင်းအမျိုးသမီး ဖွဲဖောဖန်းခမ်ထာ့စီရီ ဆိုသူကိုလည်း မဲဆောက်ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ဆိုသည်။

မဲဆောက်ကမ်းနား ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားဝင်းမှ ကားပွဲစား ကိုယူနွတ်က ကိုမောင်ဦးလှိုင်သည်  ကားဝင်းသို့ မကြာခဏ ကားလာဝယ်လေ့ရှိပြီး ဘန်ကောက်သို့ သယ်ဆောင်ကာ တဆင့်ပြန်လည်ရောင်းချခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုသည်။

မဲဆောက်ရဲဧ။် စစ်ဆေးတွေ့ရှိမှုများထဲတွင် ကိုမောင်ဦးလှိုင်ထံမှ အာဆီယံသတင်းထောက်များအသင်းဝင် ကဒ်ပြားတခုကိုလည်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယခုလ ၆ ရက်နေ့က မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ထိုင်း၊လော၊ ကမ္ဘောဒီးယားနှင့် မြန်မာသတင်းထောက် တချို့ ပါဝင်သည့် အာဆီယံသတင်းထောက်များ တွေ့ဆုံမိတ်ဆက်ပွဲတွင် ကိုမောင်ဦးလှိုင်လည်း တက်ရောက်ခဲ့သည်။

(ဧရာဝတီ)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..