လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, December 28, 2012

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်


ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲ
ကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ
သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်
သက်ပြီး ထိုင်းလူမျိုး ၄ ယောက်
ကို သူတို့နိုင်ငံတရားရုံးက

 ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို  လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက်  ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ်  နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။


သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

RFA (မြန်မာပိုင်း)


ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..