လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 29, 2012

"ကနောင်မင်းသားလိုစိတ်ဓါတ်"


အကယ်၍ ကနောင်မင်းသားကြီးသာ လုပ်ကြံ မခံရပါက မြန်မာ့သမိုင်းသည် တစ်ဆစ်ချိုးပြောင်းလဲ သွားနိုင် စရာကြောင်း ရှိသည်။ ကုန်းဘောင်မင်းဆက်ကို ထူထောင်ကာ မန္တလေးရတနာပုံ နေပြည်တော် ၌ မင်းလုပ်စိုးစံခဲ့သူ မင်းတုန်းမင်း၏ ဖအေတူ မအေကွဲ မင်းသားကြီး ကနောင် မင်းသားဖြစ်၏။ မင်းတုန်းမင်းနှင့်ကနောင်မင်းသားကြီးသည် နိုင်ငံ့ ကဏ္ဍများကို လက်တွဲ တာဝန်ယူအုပ်ချုပ်ခဲ့၏။ ကနောင်မင်းသားက စစ်ရေး စစ်ရာနှင့် အုပ်ချုပ်ပြူပြင်ပြောင်းလဲရေးကို တာဝန်ယူ၍ ဘုရင့်တာဝန်ကို ပူးတွဲ ထမ်းဆောင်ခြင်းဟု ဆိုနိုင်သည်။ ကနောင်မင်းသား၏ အရည်အသွေး များအရ မင်းတုန်းမင်း၏ အရိုက် အရာကို ဆက်ခံမည့်သူဟု သတ်မှတ်ထား ကြသဖြင့် မင်းတုန်းမင်း၏သားတော်များက မလိုမုန်းထားရှိကြ၏။ ကနောင် မင်းသား၏ နန်းဆောင်သည် ခမ်းနားထည်ဝါလှသဖြင့် ဘုရင့်၏ နန်းဆောင် နှင့်ပင်နှိုင်းယှဉ်လောက်၏။ ကနောင်မင်းသားသည် ခေတ်မှီသိပ္ပံပညာ ကို အလွန် စိတ်အားထက်သန်သဖြင့် အနောက်နိုင်ငံများမှ သိပ္ပံပညာများကို မြန်မာပြည်တွင် လေ့လာဆည်းပူးစေ၏။ ပြုပြင်ပြောင်းလဲမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအနေဖြင့် မင်းတုန်းမင်းနှင့် ကနောင် မင်းသားတို့ သည် နန်းတွင်းလူငယ်အချို့ ကို ပညာသင်စေလွှတ်ခဲ့၏။ ထို့ ကြောင့် အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့ အထိ ပညာတော်သင်များ သွားရောက်ကြ၏။ ကနောင်မင်းသားသည် လက်နက်စက်ရုံများ ထူထောင်ကာ ရိုင်ဖယ် သေနတ်နှင့် ခဲယမ်းမီးကျောက်များကို ထုတ်လုပ်ခဲ့၏။ ရေမြှုပ်ဗုံးကို အောင် မြင်စွာ စမ်းသပ်ခဲ့၏။ ရေကန်ထဲတွင် ရေမြှုပ်ဗုံး စမ်းသပ်စဉ် ငါးများသေကြေ ပျက်စီးသည်ကိုမြင်သဖြင့် မင်းတုန်းမင်းက ဘာသာရေးအရ ရေမြှုပ်ဗုံးထုတ် လုပ်ခွင့်ကို တားမြစ်ခဲ့၏။ကနောင်မင်းသားသည် စည်းစနစ်ကျနသော အမြဲတမ်းစစ်တပ်တစ်ခုကို ဖွဲ့ စည်းတည်ထောင်ရာလည်း စီစဉ်ခဲ့၏။ မင်းတုန်းမင်းက ကနောင်မင်းသားကို ထီးမွေနန်းမွေ ပေးမည်ဟု လျာထားခြင်းကို မင်းတုန်းမင်း၏ သားတော် မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားတို့ က မကျေနပ်ကြသဖြင့် ကနောင် မင်းသားကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ကနောင် မင်းသားကြီး အလုပ်ကြံခံရခြင်း သည် ခေတ်မှီနိုင်ငံတောင်ထူထောင်ရန် အရှိန်ယူနေ သာ မြန်မာနိုင်ငံတော်အတွက် အလွန်နစ်နာလှသည်။ ဗြိတိသျှတို့ ကနောင်မင်းသားက(War Prince)ဟု ခေါ်ဝေါ်ကြသည့်အထိ ကနောင်မင်းသား၏ ခေတ်မှီလက်နက်များတပ်ဆင်ထားသော စည်စနစ်ကျနသည့် တပ်မတော်စီမံကိန်းသာ အကောင်အထည်ဖော်နိုင်ခဲ့ လျှင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းနိုင်ရန် ယခုလောက် လွယ်ကူလိမ့်မည်မဟုတ်ဟုဆိုခဲ့၏။

ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..