လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, December 26, 2012

အသံထက် မြန်သော ကမ္ဘာ့ ပထမဆုံး ဗုံးကြဲဂျက် လေယာဉ် ဝက်ဝံများဖြင့် စမ်းသပ် ပျံသန်းမှု အောင်မြင်

Photo: အသံထက် မြန်သော ကမ္ဘာ့ ပထမဆုံး ဗုံးကြဲဂျက် လေယာဉ် ဝက်ဝံများဖြင့် စမ်းသပ် ပျံသန်းမှု အောင်မြင်

အမေရိကန် လေတပ်သည် ၎င်းတို့ တီထွင် ထုတ်လုပ်ထားသော Convair B-58 Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်အား စမ်းသပ်ပျံ သန်းခဲ့စဉ်က ယင်းလေယာဉ်၏ ဒုံးကန်အားသုံး အရေး ပေါ် ထိုင်ခုံပေါ်တွင် ဝက်ဝံ တစ်ကောင်ကို လိုက်ပါစေလျက် စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

Convair B-58 Hustler အမျိုး အစား ဗုံးကြဲဂျက် လေယာဉ်ကို ၁၉၅ဝ ပြည့်နှစ် များအတွင်း အမေရိကန် လေ တပ်က တီထွင်ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ဒုံးကန်အားသုံး အရေးပေါ် ထိုင်ခုံပေါ်တွင် လူသားများ လိုက်ပါလျက် လေယာဉ်မှ တွန်းကန်ထုတ်သည့် စနစ်ကို အစောပိုင်း ကာလများတွင် စမ်းသပ်မှု များပြုလုပ်ခဲ့ သော်လည်း လူများသေဆုံး ခဲ့သည့်အတွက် စမ်းသပ်မှုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ 

ထို့နောက် လူသားများ နေရာတွင် ဝက်ဝံများကို အစားထိုး စမ်းသပ်ရန် စီစဉ်ခဲ့ကြသည်။ ထို့နောက် လူသားများနှင့် အရွယ်အစား အားဖြင့် နီး စပ်မှု ရှိသည့် ဟိမဝန္တာနှင့် အမေရိကန် ဝက်ဝံနက်များကို အသုံးပြု၍ စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြ သည်ဟု သိရသည်။  

၁၉၆၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် Edwards လေတပ် အခြေစိုက် စခန်းအထက် အမြင့် ပေ ၃၅ဝဝဝ အကွာ၌ အသံထက် ၁ ဒသမ ၃ဆ အမြန်နှုန်းဖြင့် ပျံသန်းနေ သော လေယာဉ်မှ ဝက်ဝံ တစ်ကောင်ကို တွန်းကန် ထုတ်ခဲ့ကြောင်း၊ ရှစ်မိနစ် နီးပါးအကြာတွင် ဝက်ဝံနှင့်တကွ  အရေးပေါ် ထိုင်ခုံသည် ဘေးအန္တရာယ် ကင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက် လာ ခဲ့ကြောင်း သိရသည်။ ၎င်းအရေးပေါ် ထိုင်ခုံကို  လေထဲတွင် လွင့်မျောနေ စေရန် တီထွင်ထားပြီး ၎င်းထိုင်ခုံတွင် အစားအစာများ၊ လေထီးနှင့် အခြား အသက်ကယ် ပစ္စည်းများကိုလည်း  တပ်ဆင်ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2753-2012-12-25-11-49-08

myawady.

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..