ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တော ဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်ဟိုင်း တောရိုင်း တိရစ္ဆာန် ဥယျာဉ်တို့ အကြား တိရစ္ဆာန် လဲလှယ်ရေး အစီအစဉ် အရ ပင်လယ်ဖျံ (Sealion) အထီး၊ အမနှစ်စုံ လေးကောင်သည် ၁၁-၁ဝ-၂ဝ၁၂ ရက်တွင် တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)သို့ ရောက်ရှိခဲ့သည်။
ယခုအခါ ပင်လယ်ဖျံ များသည် လက်ခုပ်တီးခြင်း၊ အလေးပြုခြင်း၊ လက်ထောက်ရပ်ခြင်း၊ နှုတ်သီးပေါ် ဘောလုံးတင်၍ လက်ထောက် လမ်းလျှောက်ခြင်း၊ လက်တစ်ဖက်ထောက် ကင်းမြီးကောက် ထောင်ခြင်း၊ ကြိမ်ကွင်း စွပ်ဖမ်းခြင်း၊ ဘတ်စကက်ဘော ကစားခြင်း၊ နှုတ်သီးပေါ် ဘောလုံးတင်၍ လှိမ့် ခြင်း၊ ဘောလုံး နှစ်လုံးဖြင့် ကစားခြင်း၊ တွားသွားခြင်း၊ လက်ထောက် ပတ်ချာလှည့်ခြင်း၊ ဘောလုံး ဆော့ကစားခြင်း၊ ခေါင်း ယမ်းခြင်း၊ သီချင်းဆိုခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်း၊ နှုတ်ဆက်ခြင်း စသည့် ပြကွက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားကြပြီ ဖြစ်သည်။
ပင်လယ်ဖျံ ပြကွက်များကို ပြည်သူ လူထုအား ယနေ့မှ စတင်၍ ပြသ ဖျော်ဖြေလျက် ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အခါကြီး နေ့ရက်များတွင် တစ်ရက်လေးကြိမ်နှင့် ကျန်ကြား ရက်များတွင် တစ်ရက် နှစ်ကြိမ် ပြသ ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။
myawady

No comments:
Post a Comment