အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ်နိုင်သည့် ဧရာမစက်ရုပ်ကြီး တစ်ရုပ်အား ဂျပန်နိုင်ငံမှ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သူ ကိုဂိုရိုခုရာတာက တီထွင်
ဖန်တီးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုပ်သည် အလေးချိန်အားဖြင့် လေးတန်ရှိပြီး ၄ မီတာအမြင့် ရှိသည်။ ၎င်းစက်ရုပ်တွင် မောင်းနှင်သူထိုင်ရန် ထိုင်ခုံတစ်ခုပါရှိပြီး လက်ဖြင့် ထိန်းချုပ်နိုင်သည့် ကိရိယာတစ်ခုကိုလည်း တပ်ဆင်ထားသည်။
၎င်းစက်ရုပ်သည် တစ်နာရီလျှင် ခြောက်မိုင်အထိ လမ်းလျှောက်နိုင်ရုံ သာမက ၎င်း၏ လက်မောင်းများကိုပါ လှုပ်ရှားနိုင်သည်ဟု သိရသည်။
ထို့အတူ ၎င်းစက်ရုပ်တွင် မိုဘိုင်းလ် ဖုန်းကို အသုံးပြု၍ ထိန်းချုပ်နိုင်သည့် စက်ရုပ်လည်ပတ်ရေး စနစ်တစ်ခု တပ်ဆင်ထားရှိပြီး စက်ရုပ် တည်ဆောက်မှု ကုန်ကျစရိတ်မှာ စုစုပေါင်းယန်းသန်း ၁၁ဝ (စတာလင်ပေါင် ၈ဝဝဝဝဝ ကျော်) ခန့်ရှိကြောင်း သိရသည်။
စက်ရုပ်များကို တီထွင်ဖန်တီးခြင်းသည် မိမိ၏ငယ်ရွယ် စဉ်ကတည်းက ဖြစ်ပေါ်ခဲ့သည့် ဆန္ဒတစ်ခုဖြစ်ကြောင်း ၎င်းစက်ရုပ်အား ဖန်တီးခဲ့ သည့် ခုရာတာက ပြောကြားခဲ့သည်။
mwdmedia

No comments:
Post a Comment