ခဲ့ပြီး အလုပ်သမားရေးရာကော်မရှင်၏
စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အလုပ်
ခွင်သို့ ပြန်လည် ၀င်ရောက်လာသော
အလုပ်သမားနှင့် ယခင်တည်းက
ကျန်ရှိနေခဲ့သော အလုပ်သမားတို့ကြား ခွဲခြား ဆက်ဆံမှုများကြောင့် အခြေအနေများ တင်းမာခဲ့ပြီး ဆန္ဒပြအလုပ်သမားများအား ၀ါးရင်းတုတ် များ၊ သံတုတ်များနှင့် ရိုက်နှက် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အင်းစိန်ဆေးရုံသို့ အလုပ်သမား ၅ ဦးအရေးပေါ်တက်ရောက်ကုသနေရကြောင်း သိရသည်။
ဆန္ဒပြမှုရပ်ဆိုင်းပြီး အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လာသော အလုပ်သမားအား ယနေ့ ဒီဇင်ဘာ ၂၄ရက် နံနက် အလုပ်ခွင်ဝင်ရောက် ချိန်တွင် အလုပ်ရှင်ဘက်မှ တဖက်သတ်ဆန် သည့် အီးစီစာချုပ်အား လက်မှတ်ထိုးခိုင်းပြီး မထိုးပါက အလုပ်လုပ်ခွင့်မပေးဟု ပြောဆို ခဲ့ကြောင်း၊
ယင်းသို့လက်မှတ်ထိုးခိုင်းသော တာဝန်ခံမန်နေဂျာအား သွားရောက်တွေ့ဆုံသော် လည်း ပြေလည်မှု မရခဲ့ကြောင်း၊ ထို့နောက် နေ့လည် ၁၂ နာရီခန့်တွင် နှစ်ဘက် အခြေအနေ များ တင်းမာလာပြီး ယခုကဲ့သို့ ဆန္ဒပြအလုပ်သမားများအား ၀ါးရင်းတုတ်များ၊သံတုတ်များနှင့် ရိုက်နှက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း ရိုက်နှက်ခံရသော အလုပ်သမ တစ်ဦးဖြစ်သူ မအိဇာခြည်ဝေက ပြောကြားသည်။
''ခုံသမာဓိက အလုပ်ပြန်လုပ်ခိုင်းထားပါတယ်။ တရာဥပဒေဟာ အလုပ်သမားတွေဘက်မှာပဲ ရှိနေတာလား၊ အာဏာရှင်တွေဘက်က ဥပဒေ စိုးမိုးမှုမရှိဘူး။ ဥပဒေအနေနဲ့ ထိရောက်
အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ အမေ ဒေါ်အောင်ဆန်း စုကြည်ပါ ဒီကိစ္စကို လက်ပိုက်ကြည့်မနေပါနဲ့လို့ ပြောချင်ပါတယ်''ဟု မအိဇာခြည်ဝေက ဆက်လက်ပြောကြားသည်။
''ကျွန်မ ကတော့မကျေနပ်ဘူး။ ကျွန်မသားလေးကို ဒီလိုလုပ်တာ မကျေနပ်ဘူး။ ပိုက်ဆံရှိတိုင်း ဒီလိုလုပ်လို့ ရမလား။ ဥပဒေကရော ဘာတွေ လုပ်နေတာလဲ။ အစိုးရကရော ဒီတိုင်းလက်ပိုက် ကြည့်နေမှာလား''ဟု အရိုက်ခံရ၍ အင်းစိန်ဆေးရုံ အရေးပေါ်လူနာဆောင်တွင် တက်ရောက်
နေသော ကိုဇင်မျိုးကိုကို၏ မိခင်က ပြောကြားသည်။
တောင်ဝင်သစ်စက်မှ အလုပ်သမားများသည် ရက်ပေါင်းမြောက်များစွာ ၎င်းတို့၏ အခွင့်အရေး အတွက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး အလုပ်ခွင် ပြန်လည်ဝင်ရောက်ချိန်တွင် ယခုကဲ့သို့
ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်မှုကို အစိုးရအနေဖြင့် ထိရောက်စွာ
လေ့လာစစ်ဆေးပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်လိုကြောင်း အလုပ်သမား တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အလုပ်သမား ၃၀ ခန့် ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အရေး ပေါ်လူနာ အဖြစ် ၅ ဦး တက်ရောက်ဆေးကုသမှု ခံယူနေရပြီး ယနေ့ညနေက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦး လာရောက် အားပေးခဲ့ကြောင်းလည်း သိရသည်။
ဝေယံ
The Myanma Age



No comments:
Post a Comment