ဒီဇင်ဘာ ၂ရက်နေ့ ညနေ ၃ နာရီခွဲက သုဝဏ္ဏကွင်း၌ 2012 MNL လူငယ်ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဇေယျာရွှေမြေအသင်းနှင့် ဟံသာဝတီ အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဇေယျာ ရွှေမြေအသင်း
တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးသွား သည်။
ဇေယျာရွှေမြေအသင်းသည် ပြိုင်ပွဲစတင်ကတည်းက အသင်းကြီး ရောလူငယ် အသင်းပါ ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာမှ အကြိမ်ကြိမ် လွဲချော်ခဲ့ရသည့် အသင်းတစ်သင်းဖြစ် သည်။ ယခုအခါ လူငယ် ကစားသမား များက ချန်ပီယံဆုကိုရယူပြီး ၎င်းတို့၏ အိပ်မက်ဆိုးများကို အဆုံးသတ်နိုင်ခဲ့ ပြီဖြစ်သည်။ ဇေယျာရွှေမြေအသင်းမှာ ယခုပြိုင်ပွဲတွင် တောက်လျှောက်ခြေစွမ်း ပြကစားနိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ဇေယျာရွှေမြေအသင်းအား ချန်ပီယံ ဖြစ်စေမည့် အနိုင်ဂိုးကို အသင်းခေါင်း ဆောင် စိုးပိုင်ထွေးက ပထမပိုင်း ပြီးခါနီးတွင် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ် သည်။
mwdmedia

No comments:
Post a Comment