လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 29, 2012

မလေးရှားတွင် ရခိုင် ၃ ဦး ရက်စက်စွာ သတ်ဖြတ်ခံရ

Rubber-plantationsမလေးရှားနိုင်ငံ အ၀က်စတားမြို့ရှိ ရော်ဘာခင်းတစ်ခု၌အလုပ် လုပ်နေသော ရခိုင်အမျိုးသား ၃ဦး လည်လှီးသတ်ဖြတ်ခံရ သည်ဟု သတင်းရရှိသည်။ သတ်ဖြတ်ခံရသူများမှာ ကျော်တော်မြို့ နယ် ပေါက်တော ပလောင် ကျေးရွာ မှ (ဘ) ဦးဖိုးသာနှင့် (မိ) ဒေါ်ဦးမျှသိန်းတို့၏ သား မောင်ခိုင်သောင်း(၃၈)နှစ် ဖြစ်သည်။ ကျန် (၂) ဦးမှာ မြောက်ဦးမြို့နယ် စေတီတောင်ရွာမှ (ဘ) မောင်လှယဉ်၏ သား လှရှင်မောင်(၂၁) နှစ်နှင့် (ဘ )မောင်စံအေး၏သား မောင်သန်းရွှေ (၂၁) တို့ ဖြစ်ကြသည်ဟု သိရသည်။ နောက် တစ်ဦး ဖြစ်သူ အထွီး(၄၈)နှစ်မှာ ဖမ်းချည်ခံထားရာမှ လွှတ်မြောက်လာခဲ့သည်ဟု သိရသည်။ သူတို့ ၄ ဦး အလုပ်လုပ်နေသာ ရော်ဘာခင်းထဲကို ယမန်နေ့ ညဉ့်က မြန်မာနိုင်ငံက မွတ်ဆလင် များဟု ယူဆရသူ ၁၅ ဦးက ၀င်ရောက်လာပြီး ဖမ်းဆီးကာ ကြိုးဖြင့်တုတ်၍ နည်းမျိုးစုံနှင့်ရက်စက်ကာ လည်လှီး သတ်ဖြတ်ပစ်ခဲ့သည်ဟု ၀က်စတားမြို့နယ်ရှိရာဘာခင်းတွင် လုပ်ကိုင်နေသူ ကိုမောင်သန်းလှိုင်က နိရဉ္စရာ သို့ ယခုလို ပြောသည်။
“မနေ့က ဒီဇင်္ဘာလ ၂၈ရက်နေ့ ညဥ့် ၁၁နာရီမှာ ၀က်စတားမြို့နယ်မှာရှိတဲ့ ရာဘာခင်းအတွင်းရှိ တဲက ရခိုင် ၄ယောက်ကို မြန်မာဘင်္ဂလီမွတ်ဆလင်လို့ ယူဆရတဲ့ လူ ၁၅ယောက်က ကြိုးတုတ်ပြီး အနီး အနား တောင်ထိပ်ကို ခေါ်သွားပြီး မုဒိမ်းကျင့်တယ်။ ပီးရင် လည်လှီးပြီး သတ်သွားပါတယ်။ ဒီနေ့ ၂၉ရက် မနက် ၉နာရီခွဲမှာ တောင်ထိပ်မှာ သေနေတာကို ကျွန်တို့ တွေ့ရပါတယ်။ တော်တော် အဖြစ်ဆိုးနဲ့ သေဆုံးသွားကြ ပါတယ်” ဟုပြောသည်။ ကိုအထွီး လွတ်လာပုံကိုလည်း သူ့ကို ကိုးကားပြီး ကိုမောင်သန်းလှိုင်က ယခုလိုဆက်ပြောသည်။“အထွီးကို ကြိုးတုတ်နေစဉ် ခြေနဲ့ကန်ကျောက်ပြီး ဒဏ်ရာ ပြင်းထန်စွာနဲ့ လွတ်မြောက်လာပါတယ်။ ခုသူ့ ကိုတ နေရာမှာ ၀ှက်ထားပါတယ်။ ရဲတွေကမေးမြန်းလာရင် သက်သေအဖြစ် ပြောနိုင်အောင်အတွက်ပါ။ ခုထိမလေးအစိုးရကို တစုံတရာအမှုဖွင့်ဆိုချက် မလုပ်နိုင်သေးဘူး။ ဒီမှာအမှုကို လိုက်နိုင်တဲ့လူလည်း မရှိပါဘူး။ရှိနေနဲ့လူတွေ ကလည်း တော်တော်ကြောက်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟုပြောသည်။ မလေးရှားနိုင်ငံ အ၀က်စတားမြို့နယ်ရှိ ရာဘာခင်းသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ဆက်စပ် သည့် မြို့ဖြစ်ကြောင်း၊ ယင်းရာဘာခင်းတွင် ရခိုင်အလုပ်သမား လူပေါင်း ၂၀ခန့်ရှိသည်ဟု ပြောသည်။ လည်လှီး သတ်ဖြတ်ခံထားရသော အလောင်းများမှာ ယခုအချိန်အထိ ရာဘာခင်းအနီးမှ တောင်ထိပ်တွင် ယခုအချိန်ထိ ရှိနေသေးကြောင်း ကိုမောင်သန်းလိုင်က ပြောသည်။

 နိရဉ္စရာသတင်းဌာန

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..