လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, December 2, 2012

ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ကြီးမားသောရေခဲပြင်တစ်ခုတွေ့ရှိ

Photo: ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ကြီးမားသောရေခဲပြင်တစ်ခုတွေ့ရှိ

နေနှင့်အနီးဆုံး ဂြိုဟ်ပတ်လမ်းကြောင်းတွင် ရှိနေသည့် ဗုဒ္ဓဟူးဂြိုဟ်တွင် ကြီးမားသော ရေခဲပြင်တစ်ခုရှိကြောင်း သက်သေ အထောက်အထား သစ်တစ်ရပ်ကို သိပ္ပံပညာ ရှင်များက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။ 

တွေ့ရှိသော အချက်အလက်များ အရ ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်း ဒေသများတွင် ရေခဲပြင်ရှိနေကြောင်း ညွှန်ပြလျက်ရှိပြီး ယင်းရေခဲပြင်ပမာဏသည်  အမေရိကန်ပြည်ထောင်စုရှိ ဝါရှင်တန်ဒီစီမြို့ အရွယ်အစားခန့်ရှိပါက ရေခဲပြင်ထုသည် (၃ ဒသမ ၂ ကီလိုမီတာ) နှစ်မိုင်ကျော်အထူရှိမည်ဖြစ်ကြောင်း နာဆာအဖွဲ့၏ ဗုဒ္ဓဟူးဂြိုဟ် လေ့လာမှုတွင်  ပါဝင်သူ သုတေသ နပညာရှင် ဒေးဗစ်လော့ရန့်စ်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးဂြိုဟ်၏ လှည့်ပတ်နေသော ဝင်ရိုးသည် နေနှင့် အပြိုင်နီးပါးရှိ နေခြင်းကြောင့်  ၎င်းဂြိုဟ်သည် အလွန်ပူပြင်း သော်လည်း ဂြိုဟ်၏ဝင်ရိုးစွန်းများသည် နေ၏ အပူလှိုင်းများ   ရိုက်ခတ်မှုမရှိ ကြောင်း သိရသည်။

သိပ္ပံ ပညာရှင်များသည် ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်းများကို ကာလကြာရှည် လေ့လာမှုပြုခဲ့ရာမှ ယင်းဂြိုဟ်ပေါ်တွင် အေးခဲသောရေခဲပြင်နှင့် အခြားစိတ်ဝင် စားစရာပစ္စည်း များရှိနိုင်ကြောင်း သိရှိရသည်။ 

၁၉၉၁ ခုနှစ်တွင်  ပေါ်တိုရီကိုရှိ စွမ်းအားမြှင့် တယ်လီစကုပ်ကို အသုံးပြု ၍ လေ့လာခဲ့ရာမှ ယင်းဂြိုဟ်၏ ဝင်ရိုးစွန်းတွင်  တောက်ပသော အကွက်များကို တွေ့ရှိရသည်။ ၁၉၇ဝ  ပြည့်နှစ်က ပြုလုပ်ခဲ့သည့် ဗုဒ္ဓဟူးဂြိုဟ်လေ့လာရေး မစ်ရှင်တွင် ကြီးမားသောချိုင့်ကြီးများကို တွေ့ရှိခဲ့သည်။ ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်းများကို လေ့လာမှုပြုရန်အတွက် ၂ဝ၁၁ ခုနှစ်ကပင် ယင်းဂြိုဟ်ပေါ်သို့ ဆင်းသက်ခဲ့သည့် MESSENGER အာကာသ ယာဉ်မှ  ပထမဆုံးအကြိမ် ပေးပို့သည့်  အချက်အလက်သစ်များ အရ ရေဒါပုံရိပ်တွင် ပေါ်လာသော ဝင်ရိုးစွန်းရှိ အရိပ်ကျနေ သောနေရာ၌ တောက်ပသော အကွက်များသည် အေးခဲသော အရာများဖြစ်နိုင်ပြီး  သီအိုရီအရ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ပေါင်းစပ်ပြီး ဖြစ်ပေါ်နေသည့် မော်လီကျူးအစုအဝေး ရေခဲပြင် များဖြစ်နိုင် ကြောင်း သိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..