ဘရားဇီး နိုင်ငံ တောင်ပိုင်း အတ္တ လန္တိတ် မိုးသစ်တော ကြိုးဝိုင်း တစ်ခု၏ တောင်ထိပ် တစ်ခု ပေါ်တွင် လက်ချောင်း သုံးချောင်း ပါ
ရှိသည့်
ဖားမျိုး စိတ်သစ် တစ်မျိုးကို ဇီဝဗေဒ ပညာရှင်မိုက်ကယ် လ်ဂါရေးက မထင်မှတ်ဘဲ
ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
လက်ချောင်း သုံးချောင်း ပါရှိသည့် အဆိုပါ ဦးခေါင်းတို ဖားမျိုး စိတ်သစ်တစ် မျိုးကို သစ်တော ကြိုးဝိုင်း၏ မီတာ ၉ဝဝ (ပေ ၃ဝဝဝ) အမြင့်ရှိသော တောင်ထိပ် တစ်ခုပေါ်တွင် တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်း၏ သိသာ ထင်ရှားသော သွင်ပြင် လက္ခဏာ တစ်ခုမှာ ၎င်း၏ လေးချောင်း မြောက် လက်ချောင်းမှာ ပါရှိခြင်း မရှိပေ။ ၎င်းဖား၏ အရွယ် အစားမှာ ၁ ဒသမ ၅ စင်တီ မီတာ အောက်သာ ရှိပြီး ၎င်း၏ ခန္ဓာကိုယ် ပေါ်တွင် မီးခိုးရောင်နှင့် စိမ်းဝါရောင် အစက် အပြောက် များ ပါရှိကြောင်း လေ့လာ ချက်များ အရ သိရသည်။
အဆိုပါ ဖားမျိုးစိတ် ကောင်ရေ မည်မျှ ရှိသည်ကို တိတိကျကျ မခန့်မှန်း နိုင်ကြောင်း၊ သို့သော် လည်း လေ့လာမှု များကို ထပ်မံ ပြုလုပ်ရန် စီစဉ် ထားကြောင်း ဂါရေးက ဆက်လက် ပြော ကြား ခဲ့သည်။
၎င်းဖားမျိုး စိတ်သစ်သည် ဘရာဇီး နိုင်ငံ တောင်ပိုင်း ပါရာနာ ပြည်နယ်၏ အရှေ့ဘက် အကျဆုံး မြို့ တစ် မြို့ ဖြစ်သော ဂွာရာကျူ ကာဘာ မြို့တွင် တည်ရှိသည့် ၅၅၆၇ ဧကရှိ သစ်တော ကြိုးဝိုင်းတွင် ရှာဖွေ တွေ့ရှိ ခဲ့ သည့် ကုန်းနေ ရေနေ သတ္တဝါ မျိုးစိတ် ၄၃ မျိုးအနက် တစ်စိတ် တစ်ဒေသ ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ တစ်ဝန်းတွင် ကုန်းနေ ရေနေ သတ္တဝါ မျိုးစိတ် ၆၇ဝဝ ကျော်နှင့် ဘရာဇီး နိုင်ငံ တစ်ဝန်း တွင် ကုန်းနေ ရေနေ သတ္တဝါ ၉၅ဝ ဝန်းကျင် ရှိကြောင်း ကျွမ်းကျင် ပညာရှင် များက ခန့်မှန်း ပြောကြား ထားသည်။

No comments:
Post a Comment